ကိုယ်ဘဝကို Key Board ပေါ်ကနေ
ထိန်းကျောင်းကြည့်တယ်။
နှလုံးသားကို Space
Bar လိုအပုတ်ခံလိုက်ရတဲ့အခါ
နာကျင်မှုဆိုတာတွေအတွက်
Delete လုပ်ခွင့်မရှိဘူး။
ပျော်ရွှင်မှုဆိုတာတွေကို
Ctrl +C နှိပ်ပီး
လိုချင်တဲ့နေရာမှာ
Ctrl +V နှိပ်လို့လည်းမရဘူး။
တစ်ခါတစ်လေတော့လည်း
Winkey + D နှိပ်ပြီး
Desktop ကြီးကိုငေးကြည့်မိတယ်။
Desktop ကြီးကိုငေးကြည့်မိတယ်။
ကိုယ့်စက်လေးလေးလာတဲ့အခါ
Ctrl + Alt + Del နှိပ်ပြီး
Tesk
Manager ကိုခေါ် Not Responsible ဖြစ်နေတဲ့
Window တွေကို End Task လုပ်ဖို့လည်း မဝံ့မရဲ ဖြစ်နေတယ်။
Window တွေကို End Task လုပ်ဖို့လည်း မဝံ့မရဲ ဖြစ်နေတယ်။
Typing မှားတဲ့အခါတွေ ရှိပေမဲ့
Ctrl + Z က အစကတည်းက အလုပ်မှ
မလုပ်ခဲ့တာ။
Enter တွေ အကြိမ်ကြိမ်ခေါက်ပေမဲ့
ဗလာတွေပဲ များများလာတယ်။
Winkey + R နှိပ်
Recent တွေ Temp တွေ Prefetch တွေ
အကုန်ဖျက်ပစ်လည်း ထူးမလာခဲ့ဘူး
နောက်ဆုံးတော့ Alt +
F4 တစ်ခုပဲ နှိပ်စရာ ကျန်ရစ်တော့တယ်လေ။
။
ကိုဇေ
January 9, 2014
(Thursday) 1:33PM
No comments:
Post a Comment