Tuesday, June 23, 2015

တယ်လီဖုန်း


မျက်လုံးခြင်း
ဝေး        နေ တဲ့ အ ခါ
အသံကလေးနဲ့
နီးရတယ်။           ။

ကိုဇေ
June 23, 2015 (Tuesday)

3:20AM

Wednesday, June 10, 2015

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ



တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
နှလုံးသားကို ဦးနှောက်က လိမ်လိုက်တာလည်း
ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
သွေးသားဆန္ဒကို အချစ်လို့ ခေါင်းစဉ်တပ်လိုက်တာလည်း
ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
ကိုယ်တစ်ယောက်ယောက်အပေါ် ချစ်နေမိတဲ့ ကိုယ့်စိတ်ကို ချစ်နေခြင်းလည်း
ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
ကိုယ့်ရဲ့အထီးကျန်မှုအတွက် အဖော်ရှာလိုက်ခြင်းလည်း
ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို ချစ်ခြင်းကနေ
သူတစ်ပါး ကိုယ့်ကိုယ်ကို ချစ်သလို ကိုယ့်ကိုချစ်စေချင်တဲ့ အတ္တလည်း
ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
လိင်ဆက်ဆံလို့ အဆင်ပြေအောင် သုံးလိုက်ရတဲ့ စကားလုံးလည်း
ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတစ်လေ ချစ်တယ်ဆိုတာ
နားကျင်ပါတယ် ပြောပြောပြီး
အဲဒီနာကျင်မှုကို သာယာနေတဲ့ သူတွေအတွက်လည်း
ဖြစ်ချင် ဖြစ်မှာပါ။




ကိုဇေ
June 10, 2015 (Wednesday)

2:54AM