Friday, February 28, 2014

လောက (၅)


မပြည့်တဲ့ဆုတောင်းနဲ့

မှားတဲ့ဆုတောင်း

ဘယ်အရာယူမလဲ

တစ်ခုတော့ရွေးချယ်ခွင့်ရှိတယ်။


ကိုဇေ

(စုစုလှိုင် ၏ စောစောထတဲ့ တီကောင် မှမှီငြမ်းသည်) 

လောက (၄)


မသေချာခြင်းတွေက

အမြဲတန်းသေချာ

သေချာခြင်းတွေက

ဘယ်တော့မှ မရေရာ...


ကိုဇေ

Friday, February 14, 2014

ဖေဖော်ဝါရီ တစ်ဆယ့်လေး

ချစ်သူများ (စုံတွဲများ)၊
ချော့ကလက်၊
ပန်းစည်း၊
အရုပ်၊
အမှတ်တရကဒ်ပြား၊
အင်္ကျီဆင်တူ၊
ပရိုမိုးရှင်း၊
ဒစ်စကောင့်၊
စူပါမားကဒ်များ၊
တစ်ဆက်ရှင်စာ တည်းခိုခန်း၊
လိင်ကိစ္စ၊
ဗယ်လင်တိုင်းဒေး၊

ရောမမြို့က သူတော်စင်တစ်ယောက်
သူကွပ်မျက်ခံရတဲ့နေ့ကို ငေးကြည့်နေတယ်...။

ကိုဇေ
February 14, 2014 (Friday) 1:17AM

Thursday, February 13, 2014

စကားလုံး နှင့်ပတ်သက်ပြီး တွေးမိခြင်း


အဘိဓာန်ထဲမှာ ရှိမှ စကားလုံးဆိုတာ အဓိပ္ပာယ်ရှိတယ် အဘိဓာန်မှာ မရှိရင် အဓိပ္ပာယ်မရှိဘူး အဲဒါကြောင့် မသုံးရဘူးလို့တော့ ကျွန်တော်မထင်ဘူး...။ စကားလုံးဆိုတာ လူတွေပြောပါများ / သုံးပါများရင်းကနေ တွင်ကျယ်သွားတာလေ။ အဘိဓာန်တွေကသာ ခေတ်နဲ့အညီလိုက်ပြီး update လုပ်ပေးသင့်တာ...။ ကျွန်တော်ကတော့ "သူမ" ကိုလည်း လက်ခံတယ်.. "စော်၊ဘဲ..." စတဲ့ ခေတ်အသုံးအနှုံးတွေလည်း အဘိဓာန်မှာ ပါသင့်တယ်လို့ ထင်တယ်။

ကိုတေဇာ (လရောင်လမ်း) ပြောသလို "မိမိဘာသာစကားကို မျက်စိစုံမှိတ်ပြီး ဝံသာနုအခြေခံစိတ်နဲ့ ချစ်ပြ နေဖို့ထက် ပိုပြီးထိရောက်တဲ့ ဘာသာစကားတစ်ခုဖြစ်လာအောင် ပြောင်းလဲဖို့ အလျဉ်းသင့်သလိုမွေးစားနိုင်ဖို့ပဲ ကြိုးစားသင့်တာပါ။

ကိုဇေ