အိပ်ယာနိုးရင် လွမ်းတယ်။
နေညိုရင်လည်း လွမ်းတယ်။
အိပ်မပျော်တိုင်း လွမ်းတယ်။
တစ်ရေးနိုးလည်း လွမ်းတယ်။
ချစ်မိကတည်းက လွမ်းတယ်။
ချစ်နေဆဲလည်း လွမ်းတယ်။
တိုးတိတ်စွာနဲ့ လွမ်းတယ်။
စိုးထိတ်စွာလည်း လွမ်းတယ်။
ရင်ထဲမှာလည်း လွမ်းတယ်။
ဖေ့ဘုတ်မှာလည်း လွမ်းတယ်။
လိုင်းကားပေါ်လည်း လွမ်းတယ်။
လမ်းလျှောက်တိုင်းလည်း
လွမ်းတယ်။
လက်ဖက်ရည်သောက်တိုင်း လွမ်းတယ်။
အရက်သောက်လည်း လွမ်းတယ်။
အိမ်မှာနေရင်း လွမ်းတယ်။
လှည်းတန်းရောက်လည်း လွမ်းတယ်။
ကဗျာတွေနဲ့ လွမ်းတယ်။
စာတွေနဲ့လည်း လွမ်းတယ်။
နင့်နာမည်ယောင်ယောင်ခေါ်ပြီး
လွမ်းတယ်။
ကာရံမညီလည်း လွမ်းတယ်။
လမ်းကကျန်ခဲ့လို့ လွမ်းတယ်။
ကံသုံးပါးရဲ့အကျင့်ကြောင့်
လွမ်းတယ်။
ယုယုယယ လွမ်းတယ်။
ဒဏ်ရာတွေနဲ့ လွမ်းတယ်။
ရိုးသားစွာနဲ့ လွမ်းတယ်။
သစ္စာရှိစွာ လွမ်းတယ်။
ကြင်နာစွာနဲ့ လွမ်းတယ်။
နာကျင်စွာလည်း လွမ်းတယ်။
နင်မလွမ်းလည်း လွမ်းတယ်။
လွမ်းနေရင်းနဲ့ လွမ်း…
လွမ်း… လွမ်းလာတယ်။ ။
ကိုဇေ
January 5, 2014
(Sunday) 3:18AM
(မိုးလှိုင်ည ကပြောတယ်။ လွမ်းမိတဲ့အခါ မလွမ်းမိအောင် ငါ့ကိုယ်ငါ လှောင်ရယ်ရတယ် တဲ့။ ကျွန်တော့်ခဗျာ လှောင်ရယ်ဖို့ အားမရှိလောက်အောင် လွမ်းနေတယ်။ သူရလင်း ကလည်း ပြောတယ်။ အလွမ်းဆိုတာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးတဲ့။ ကျွန်တော့်ဆီကနေ ဘယ်သူတွေ ဆက်ပြီး ကူးစက်သွားပြီလည်း။)

No comments:
Post a Comment