Friday, June 27, 2014
အလွမ်းသစ်ပင်
အချစ်ဖြင့် မျိုးစေ့ချ
သံယောဇဉ်ဖြင့် ရေလောင်း
အနမ်းဖြင့် ပေါင်းသင်
ယုယခြင်း မြေသြဇာကျွေး
အချိန်ကာလ တစ်ခုလွန်မြောက်ပြီးနောက်
"အလွမ်း" ဆိုသော သစ်ပင်လေးသည်
ဖွင့်ထွားရှင်သန်လာပါလိမ့်မည်။ ။
ကိုဇေ
June 25, 2014 (Wednesday)
Monday, June 23, 2014
ဘောလုံးပွဲ
မိနစ်ကိုးဆယ်အတွင်း
ဘောလုံးတစ်လုံးကြား
လူနှစ်ဆယ့်နှစ်ယောက်
စနစ်တကျ ဗျာများ
ရသာကိုးပါ တစ်ပါးမကျန်
တစ်လှည့်စီပေးစွမ်းရင်း
ကမ္ဘာသားတွေကို ဖျော်ဖြေဖို့။ ။
ကိုဇေ
June 22, 2014
Thursday, June 19, 2014
လူသားတစ်ဦး၏ ဖြစ်တည်မှု
အဖေ မသိဘူး
အမေ မသိဘူး
ဘာသာ မသိဘူး
လူမျိုး မသိဘူး
နိုင်ငံ မသိဘူး
အသားအရောင် မသိဘူး
Gender မသိဘူး
ချမ်းသာခြင်း မသိဘူး
ဆင်းရဲခြင်း မသိဘူး
စစ်ပွဲ မသိဘူး
ငြိမ်းချမ်းရေး မသိဘူး
ဒီမိုကရေစီ မသိဘူး
အာဏာရှင် မသိဘူး
ဘာဆို ဘာမှ မသိဘူး…
သူကိုယ်တိုင် ရွေးချယ်ခဲ့တာမှ မဟုတ်တာ။
“အူဝဲ” လို့ ငိုရင်း
ဒီကမ္ဘာမြေပေါ် သူရောက်လာတယ်။ ။
ကိုဇေ
June 16, 2014 (Monday) 1:27AM
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)