Monday, March 9, 2020

ရုပ်ရှင်



Happy Ending ဆိုတာ
ဘယ်တော့မှ မရှိခဲ့ဖူးသလို
မင်းသား နဲ့ မင်းသမီး
ညားပြီးမှပဲ
ဇာတ်လမ်းဟာ အစပြုတယ်
စစခြင်းတော့ Drama တွေချိုးမှာပေါ့
ပြီးတေ့ာ Adventure ဖြစ်ချင်ဖြစ်
ဒါမှမဟုတ်လည်း
ရိုလွန်းတဲ့ Romance ခန်းမှာ
Action ခန်းတွေ
ဘယ်ကနေ ရောက်လာတာလည်း
စစ်ဆန့်ကျင်ရေးလား
စစ်ပွဲအားပေးလား
စစ်ကို ဇာတ်ညွှန်းဘယ်လိုရေးခဲ့လည်း
Historical ဖြစ်ပြီလား
မဟုတ်ဘူး psycho တွေ ထဖောက်တာ
ဒါဟာ Sci-Fi တွေ...
စိတ်ကူးယဥ်နေရင်းနဲ့
အနာဂတ်မှာ တစ်ကယ် ဖြစ်လာမှာ
Comedy တွေမှာ ရယ်နေတုန်း
Horror ဟာ မမျှော်လင့်ဘဲ ရောက်လာ
ရယ်နေရင်း ကြောက်လာရ
ရယ်နေရင်း စိုးထိတ်ရ
ရယ်နေရင်း စွန့်စားရ
စိုးထိတ် စွန့်စား ကြောက်လန့် ရင်းလည်း
ချစ် ချစ် လာရ
နောက်ဆုံးဇာတ်ညွှန်းအတိုင်း
ဖြစ်မလာတဲ့အခါ
ဒါရိုက်တာ ကိုယ်တိုင်
ရုပ်ရှင်ထဲ ခုန်ချ...

စိတ်ဒုက္ခကို အရသာခံလိုလျှင်
ရုပ်ရှင် ကြည့်ပါ ။     ။

.
- ကိုဇေ
09032020 @ 9:58AM