Wednesday, January 27, 2016

ဇော်ဇော်အောင် ဘယ်တော့မှ မသေဘူး...။


စိုးအောင်၊
မြတ်သစ်၊
ပီတာဇော်မြင့်၊
ယုဇနမခင်ပျို၊
မကြည်ပြာ...
ရှင်နေတုန်းပဲ။

ဇော်ဇော်အောင် သေပြီ
ဘယ်သူပြောသလဲ။               ။


ကိုဇေ

RIP ဆရာ ဇော်ဇော်အောင် (၁၉၃၇ - ၂၆.၁.၂၀၁၆)


Tuesday, January 26, 2016

ဝဋ်နာကံနာ


ငါ့စိတ်နဲ့ငါ
မင်းကို လွမ်း ရ တာ …


ကိုဇေ

Tuesday, January 12, 2016

ကမ်းခြေ


မာယာများတဲ့လို့ ပြောခံရတဲ့
လှိုင်းသံမှာ
လူတွေ
အော်ဟစ်ကခုန်
ပျော်ရွှင်မြူးတူးလို့...
ပင်လယ်ဟာ
မီးပုံပွဲကို
ငေး ကြည့် လို့...။

ကိုဇေ

January 9,2016 at 10:03PM

Tuesday, January 5, 2016

ဧရာဝတီ


တစ်နေ့ရွှေဥတစ်လုံး
ပုံမှန်ဥပေးနေတဲ့ "ငန်း"

ဝိသမလောကသားတို့
ရင်ခွဲပစ်လိုက်တယ်။



ကိုဇေ

Jan 2, 2016 at 11:01PM ; Pyay

Friday, January 1, 2016

နယူးရီးယား


တစ်ညတာ ပျော်ပါးအပြီး
ပြက္ခဒိန် အသစ်လဲလိုက်တယ်
လူအဟောင်း
စိတ်အဟောင်းနဲ့
မနေ့ကနေ
ဒီနေ့ကို 
ကူး    လာ တာ ပါ ပဲ…။

ကိုဇေ

1.1.16 at 10:46AM