January
19, 2014 (Sunday)
ဒီနေ့ကိုဖွင့်ကြည့်လိုက်တော့
စာမျက်နှာ ၂၂ ရောက်နေတယ်။
ပရီးမီးယားလိဂ်လည်း ပွဲစဉ်
၂၂ ကန်တယ်။
Taylor Swift ကလည်း တွမ်းတီတူးတဲ့။
ကမ္ဘာကြီးကလည်း ဒီနေ့မှာ
၂၂ ဒီဂရီတိမ်းစောင်းပြီး
လည်ပေးနေသလိုလို…
ဒီနေ့ တနင်္ဂနွေဖြစ်သလို
ဒီစာမျက်နှာရဲ့အစကလည်း
တနင်္ဂနွေပေါ့။
မကာရ ရာသီခွင်ကျခဲ့တယ်။
လက်ပံပင်စုက စခဲ့တယ်။
ဒီစာမျက်နှာလေးက
အိုသွေးပိုင်ရှင်ဖြစ်တယ်။
စိတ်သဘောထားဖြူစင်တယ်။
ဘာသာတရား ကိုင်းရှိုင်းတယ်။
ကိုယ်ချင်းစာတရားလက်ကိုင်ထားတယ်။
အမြဲတန်းသည်းခံတယ်။
ဒီစာမျက်နှာ ၂၂ မှာနာကျင်ခြင်းတွေကျန်ခဲ့စေ။
နောင်စာမျက်နှာတိုင်းမှာလည်း
ကြောက်ရွံ့မှုတွေ ဝေးပါစေ။
အန္တရာယ်တွေ ကင်းပါစေ။
စိတ်၏ချမ်းသာခြင်း ပြည့်စုံပါစေ။
ကိုယ်၏ကျမ်းမာခြင်း ပြည့်စုံပါစေ။
ကမ္ဘာကြီးရေ…
အမှောင်ကြောက်တဲ့သူမအတွက်
အလင်းရောင်ကို အမြဲဆောင်ကျဉ်းပေးပါ။ ။
ကိုဇေ
January 19, 2014
(Sunday)
3:42AM
ယု အတွက် ၂၂ နှစ်ပြည့်မွေးနေ့အမှတ်တရ…
No comments:
Post a Comment