Wednesday, March 26, 2014

မဖွင့်ပဲ ထားခဲ့တဲ့ ရင်ကွဲပက်လက်ကောင်းကင်


ဘဒ္ဒါ...
နာကျင်မှုထက်သာလွန်သော
မြတ်နိုးခြင်းအားဖြင့်
နင်ပေးသွားတဲ့ နွေတစ်ပိုင်းကို
ငါ အစိမ်းအတိုင်းသိမ်းထားပါတယ်
ငါကတော့
တစ်နွေလုံး မြုံလာခဲ့ပြီးမှ
မပွင့်လိုက်ရတဲ့ မိုးရာသီပန်းတွေအတွက်ပဲ
နှမြောမိခဲ့တယ်
ဘဒ္ဒါ...
နင်ခလုတ်ပိတ်ထားခဲ့တဲ့ မိုးရာသီအသေထဲ
နင်သင်းသတ်ထားခဲ့တဲ့
ငါ့ရဲ့ ရေလောင်းပေါင်းသင်ဆဲ တိတ်တခိုးတွေထဲ
နင့်ရယ်သံတွေ ကြည်လင်ပြတ်သားနေတုန်းပဲ

နေကောင်းလား... ဘဒ္ဒါ ...
ငါသိချင်တာက နင့်ကြောင့် ငါ
ဘာဖြစ်လို့ ခဏခဏသေတာလဲဆိုတာပါ
တွေးလို့မရပါဘူး
အခုထိ တွေးရင်းသေရင်းပဲ . . . ဘဒ္ဒါ။        ။


ကြက်သွန်

ဒီကနေ တစ်ဆင့်ကူးသည်။ 

Monday, March 24, 2014

သူမအတွက် ဆုတောင်း (၁)


နေသာတဲ့ အချိန်တွေရော

နေမသာတဲ့ အချိန်တွေပါ

ချစ်ရတဲ့ သူမ

စိတ်ချမ်းသာ ကိုယ်ကျမ်းမာ

ချမ်း မြေ့ ပျော် ရွှင် နိုင် ပါ စေ . . .


ကိုဇေ

Monday, March 17, 2014

ဓာတ်ပုံ - ၂


ပြန်မရတော့တဲ့ အတိတ်တွေ၊
ပြန်မဆုံနိုင်တော့တဲ့ သူတွေ၊
ပြန်မရောက်နိုင်တော့တဲ့ နေရာတွေ၊
ပြန်မမြင်နိုင်တော့တဲ့ ရှုမျှော်ခင်းတွေ၊
ပြိုလဲသွားတဲ့ အဆောက်အဦးတွေ၊
ပျောက်ကွယ်သွားတဲ့ ပတ်ဝန်းကျင်တွေ၊
အနိစ္စသဘောဆောင်သွားတဲ့ နုနယ်ပျိုပျစ်ခြင်းတွေ၊
တစ်ချိန်က ပျော်ရွှင်ခဲ့ရတာတွေ၊
တူနှစ်ကိုယ် ကြည်နူးခဲ့ရတာတွေ၊
သူတို့ရဲ့ဆေးရောင်စုံအပြုံးတွေ၊
အားလုံးရဲ့ ဖြစ်တည်ခဲ့မှုတွေ၊
ငါ (တို့) ကျန်ခဲ့(ချန်ခဲ့) တဲ့ပုံရိပ်တွေ သူ့ဆီမှာ ပြန်မြင်နေရတယ်…။

ကိုဇေ

March 17, 2014 (Monday) 1:23AM

Friday, March 14, 2014

တယ်လီဖုန်း


သူမက

ကျွန်တော့်စကားသံကြားရရင်

မီးလောင်တတ်ပြီး...

ကျွန်တော်က

သူမစကားသံတွေမကြားရရင်

ပြာ ကျ နေ တတ် တယ် ။              ။


ဇာတိ (အန္တိမ)

Tuesday, March 11, 2014

အလွှာခြား


ကောင်မလေးရယ်…
မင်းကအရက်ကြိုက်တယ်တဲ့
ငါလည်းပဲ အရက်ကြိုက်တယ်
ပြီးတော့ မင်းကိုလည်း ကြိုက်တယ်။

ငါသောက်တာ Grand Royal
မြေပဲ နဲ့ ရေခဲ ရှိရင်
ငါ့အတွက် ပြည့်စုံတယ်။

ဒါပေမဲ့ မင်းက
Black Label အနိမ့်ဆုံးသောက်တယ်
အနဲဆုံး ငါးကင်နဲ့မှ မြည်းချင်တယ်။

ဒီတော့လည်း…
အရက်ကြိုက်တဲ့ common ground တူတာတောင်
အလွှာတွေခြားတဲ့ ငါတို့နှစ်ယောက်
ဘယ်လိုနီးရမလည်းကွယ်။       ။

ကိုဇေ
March 11, 2014 ; 12:50 AM


(ဘာရယ်မဟုတ် အရက်သောက်ပြီး စိတ်ကူးလျှောက်ယဉ်ခြင်း)

Monday, March 10, 2014

ပွင့်ဦး


အသဲလွှာမြေဝယ်
အစိမ်းရောင်ရင့်သော
နှင်းဆီပန်းလေးတပွင့်
အမှန်ပင် ဖူးပွင့်ခဲ့လေပြီ။
.
ဘဝချင်း လွှဲချော်သည့်အခါ
အချစ်သည် ကြင်နာမှုကို ဖြစ်စေ၍
နှလုံးသားချင်း လွှဲချော်သည့်အခါ
အချစ်သည်နာကျင်မှုကို ဖြစ်စေသည်။
.
မည်သို့ပင်ဖြစ်စေ
ကံမဆုံသော အချစ်များတွင်
အမှန်တရားသည်
ရထားဆိုက်ချိန် နောက်ကျခဲ့သည်။
.
ကေဇော်

ဒီကနေ ကူးလာတာပါ။
.


Friday, March 7, 2014

အလွမ်းဓာတ်ခံ ရှိသူများ


ကျွန်ုပ် ဆိုသော I
ကျွန်ုပ်တို့ ဆိုသော We
သင် ဆိုသော You
သူတို့ ဆိုသော They
သူ ဆိုသော He
သူမ ဆိုသော She
ထိုအရာ ဆိုသော It

အထက်ဖော်ပြပါ နာမ်/နာမ်စားများအားလုံး
အခြားနာမ်/နာမ်စားတစ်ခုကို “လွမ်း” နေကြသည်။

ကိုဇေ

March 7, 2014 (Friday) 11:19AM 

မပြည့်တဲ့ ဆုတောင်း


"ငါ" ဆိုတာလည်း  . . . မရှိဘူး
"နင်" ဆိုတာလည်း . . . မရှိဘူး
ဒါပေမဲ့ . . .
အဲဒီ မရှိခြင်း တွေကြားမှာ
မရှိခြင်း တွေကို
ဝေမျှ စားသုံးရင်း
မရှိတဲ့  ငါ့ အနား
နင် ကိုအတူ ရှိ စေ ချင် တယ် . . .

ကိုဇေ
March 7, 2014 (Friday) 10:34AM