Tuesday, January 7, 2014

ပိုးကျသွားသော ပန်းခင်း


မင်းအတွက်ရည်ရွယ်လို့
ငါ့ရင်ဘတ်ထဲ
ပန်းတစ်ခင်းပျိုးခဲ့ဘူးတယ်။

မျှော်လင့်ချက်နေရောင်ခြည်အောက်
သံယောဇဉ်တွေသွန်းလောင်း
ချစ်ခြင်းတွေမြေသြဇာကျွေးရင်း
မင်းအတွက်…
အလှပဆုံးပန်းတွေ ပွင့်လန်းစေဖို့ပေါ့။

ဒါပေမဲ့လည်း…
ကံကြမ္မာလေတစ်ဝှေ့မှာ
… … … … … … … … … … “ပိုး” ကျသွားလိုက်တာ …

ခုတော့...
…………… “အလွမ်း” တွေပဲ ဗြောင်းဆန် ကျန်ခဲ့တယ်။              ။


ကိုဇေ

January 7, 2014 (Tuesday) 1:20AM

No comments: