Thursday, April 11, 2013

သင်္ကြန်ရောက်လို့ ဘုန်းကြီးဝတ်တာ ဖက်ရှင်တစ်ခု ဖြစ်လာပြီလား . . .

ဒီနေ့နံနက်တုန်းက Seinn Mya Linn Thit က Message ကနေ "ကို ဇေ ဘုန်းကြီးမ၀တ်ဘူးလား" လို့မေးတယ် . . . 

ကျွန်တော် မ၀တ်ဘူး လို့ ပြန်ဖြေလိုက်တယ်. . . ဘာကြောင့်လည်းဆိုတော့ ကျွန်တော် လောကီကို စိတ်မှ မဖြတ်နိုင်တာကို. . . ဘုန်းကြီးဆိုတာ လူရှိန်အောင် ကြည့်ကောင်းအောင် ၀တ်ရတာမှ မဟုတ်တာ... တရားစခန်းဝင်တယ်ဆိုတာက လည်းဖက်ရှင်မှမဟုတ်တာ. . . ဘုန်းကြီးဝတ်ရင် ၂၂၇ သွယ်သော သိက္ခာပုဒ်တော်တွေ စောင့်ထိန်းရမှာလေ.. "အဟံဘန္တေ သဗ္ဗဟုလာ သဗ္ဗအာပတိရော အာဝိကရောမိ" ဆိုပြီးညဘတ် အာပတ်ဖြေလို့ရတဲ့ သိက္ခာပုဒ်တော်တွေ ရှိပေမဲ့ ပါရာဇိက (၄) ပါးနဲ့ သံဃာဒိသိသ် (၁၃) ပါး ဆိုတဲ့ ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ် နှင့် အာပတ်ဖြေရုံဖြင့် မပြေပျောက်သော အပြစ်တွေရှိတယ်လေဗျာ . . . မတော် လူပြန်ထွက်တဲ့ အချိန် သိက္ခာမကျရင် လူဝတ်နဲ့ အာပတ်တွေသင့်ပြီး အ၀ီဇိက မတက်နိုင်တဲ့ဘ၀ ရောက်ရမှာလည်း ကြောက်သေး. . .

ကျွန်တော်လည်ဖို့ပတ်ဖို့လည်း အစီအစဉ်မရှိပါဘူး. . . မဏ္ဍပ်လည်း မထိုင်ပါဘူး . . . ဒါပေမဲ့ အခြားသော လောကီကိစ္စတွေကို စိတ်မပြတ်နိုင်ဘူးဗျာ . . .

Yin Yin Hnoung ပြောသလိုဆို "ဥပုသ်စောင့်ပါတော့မည်ဆိုပြီး ယောဂီဝတ်စုံကြီးနဲ့ ဓာတ်ပုံရိုက်တင်တာတို့ ၊ ဘုန်းကြီးဝတ်နေပါသည်ဆိုပြီး ဘုန်းကြီးကျောင်းကနေ check in ဝင်တာတို့ ၊သီလရှင်ဝတ်ကြီးက ဗိုက်ဆာလို့ ပါဆိုပြီး ညဘက်ကြီးထ statusတင်တာတို့ ကို တွေ့ လိုက်ရတော့ ရှင်မိနှောင်းခမျာ ပါးစပ်အဟောင်းသားနဲ့ သာဓုကို သုံးကြိမ်ပြည့်အောင် မနည်းခေါ်လိုက်ရတယ်။" ဆိုတာမျိုးကလည်း ရှိသေး...

ကိုဇေကတော့ တရားစခန်းလည်း မ၀င်ပါ၊ ဘုန်းကြီးလည်း မ၀တ်ပါ၊ တရားစခန်း ၀င်မည့်သူများ ဘုန်းကြီးဝတ်မည့်သူများ ရှိလျှင်လည်း လောကီကိစ္စ အကုန်ဖြတ်ခဲ့ပါလို့၊ စိတ်ရှင်းရှင်းထားပါလို့၊ ပိုပြီးရှင်းအောင် ဖုန်းပိတ်ထားပါလို့၊ Facebook ကိုစိတ်ကူးယဉ်မနေပါနဲ့လို့.. အချိန်ရတုန်းလေး တရားရအောင် ရှာခဲ့ကြပါလို့ . . . ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဖြစ်မဲ့ အလုပ်မျိုးရှောင်ကြပါလို့ အကြံပေးပါရစေ. . .

Source : 
http://www.facebook.com/zey.outsider/posts/10151354284622116

Monday, April 8, 2013

တစ်ငွေ့ငွေ့ကျွမ်း

ဟိုးအရှေ့အရပ်ဆီက
တိမ်ညိုရိပ်တွေဆင်တော့
ရင်ခွင်ရိပ်တစ်နေရာမှာ
ဆွေးစိတ်ကနေရာယူလို့
နေရောင်ကွယ်အမှောင်ရယ်ဖလှယ်လာလို့
မဖြေသာဒီရင်မှာဆွေးရတယ်
အသေအချာဝေးရတော့

တ စ် ေ င ြ ႔ ေ င ြ ႔ က ၽြ မ်း . . .

(ကလေးဘ၀ကရေးခဲ့ဘူးတဲ့ကဗျာ)

Thursday, April 4, 2013

No Title

ခဏနေပါဦး...
ဧပရယ်နွေစမ်း
ချယ်ရီပန်းတွေ ဝေဖူး မလွှမ်းခင်
အသက်တွေ မငင်ပါရစေနဲ့...

ကျောခိုင်းထားရင်တော့
တောင်နဲ့မြောက်ဟာ ဆန့်ကျင်ဖက်ပေါ့
မျက်နှာချင်းဆိုင်လိုက်ရင်
ချစ်ခြင်းတွေ တွေ့နိုင်ရက်သားနဲ့
ဘာလို့များ မျက်လုံးတွေ မဆုံနိုင်ခဲ့ရသလဲ...
ဘာလို့များ လက်တွေ မဆုပ်ကိုင်မိသလဲ...
ဘာလို့များ ချစ်ခြင်းတွေ မဝေမျှနိုင်ခဲ့သလဲ...

စစ်ဆိုတာ
ဘယ်တုန်းကမှ မကောင်းခဲ့ မသာယာခဲ့ပါ
စစ်ဆိုတာ
သားသည်အမေတို့ မျက်ရည်
ကလေးငယ်တို့ ငိုကြွေးသံ

သဘာဝ မာယာတွေအောက်မှာတောင်
ကိုယ်တွေ အလူးလူး အလဲလဲ ခံနေရတာ
ဘာကြောင့်များ
အပူပေါ်အပူဆင့်
ဓားတ၀င့် ၀င့်လုပ်နေသလဲ.. ဟင်..
ငြိမ်းချမ်းခြင်းထက်
ပျက်ဆီးခြင်းကို ပိုလိုလားနေသလဲ..ဟင်..

နောက်တစ်ပတ်ဆို..
ချယ်ရီပန်းတွေ ပွင့်တော့မယ်..
ချစ်သူတွေ ပြုံးပျော်မယ်

ခဏလောက် စောင့်ပေးပါ
ချယ်ရီတွေ မကြွေသေးခင်အထိ..

အို.. ဘုရားသခင်
သွေးဆာနေသူများ၏ နှလုံးသားကို
ချစ်ခြင်းများ ဖုံးလွှမ်းပေးပါ...
ကမ္ဘာမြေကို ကောင်းချီးပေးပါ...
အာ..မင်..။ ။

Thaung Thansu
=================

Please wait for a while
Until Spring and Cherry blossom,
Don't let me heard sound of the death.

If we stand back to back
South and North is opposite,
If face to face
We can see the love,
Why our eyes are missing the love
Why our hands are not tight enough with love.

War is
Never good and pleasant,
War is
Sorrow of the mothers
And tears of the children.

Even the world is suffering
Natural disaster at all time,
Why do we make more pain and trouble?
Why do we show our weapons for power?
Why do we prefer broken-pieces than peace?

Next week
There will be Cherry blossom,
We can see the smile of lovers
With the color of the Cherry.

Please wait for a while
Until Cherry fall off.

Oh..God
Please share the love with
Those who want to fight till death,
And bless this world,
Amen!


Thaung Thansu

သင်္ကြန်ကာလတွင် . . .

သင်္ကြန်ကာလတွင် . . . 

♥ ရည်းစားလိုချင်သောသူများ မဏ္ဍပ်ထိုင်၏ . . . 

♠ ပွေချင်ရှု့ပ်ချင်သောသူများ လျှောက်လည်၏ . . . 

♣ ကုတ်ကမြင်းများ ရိပ်သာဝင်၏ . . . 

♦ အိမ်ကိုကြောက်သောသူများ ဘုန်းကြီးဝတ်၏ . . . 

☼ အပျော်မက်သူများ ခရီးထွက်ကြ၏ . . .

♪ ရည်းစားရှိ၍ အိမ်မပိုင်သူများ အိမ်တွင်နေ၍ အွန်လိုင်းဝင်၏ . . .

► ရည်းစားမရှိ Single ဘ၀ သာယာသူများကား တစ်နေရာရာတွင် အရက်စုသောက်၏ . . .

Wednesday, April 3, 2013

မြှား

တစ်စပြီးတစ်စ
တစ်လက်ပြီင်္းတစ်လက်
ရင်တွင်ဆူးသည့်
အချစ်စိတ်မြှား
နက်ရှိုင်းထိုးဖောက်
ဝင်ကာနှောက်လည်း
ရင်မှမြှားအား
နှုတ်မပစ်မိ
ဝေဒနာကို
တမ်းတလှိုက်မော
ဝမ်းမြောက်စွာပင်
ကာလတာရှည်
သိမ်းထားမည်။

ကိုဇေ

[ (၉) တန်းကျောင်းသားဘ၀၊ ၁၉၉၆ ခုနှစ် တုန်းက ရေးဖြစ်ခဲ့တဲ့ကဗျာ ]