နာကျင်ခြင်း အဆင့် သုံး
ခန့်မှန်းကြာချိန် တစ်မိနစ်
မှ သုံးမိနစ် အတွင်း
စောက်ကွန်ဆာဗေးတစ်တွေက
ခင်ဗျား အရှုံးပေးတာတဲ့…
မဟုတ်ဘူး…
ခင်ဗျား ကျနော့်ကို အနိုင်ပိုင်းတယ်
ခင်ဗျား ကျနော်တို့ကို
အနိုင်ပိုင်းတယ်
ခင်ဗျား တစ်ကမ္ဘာလုံးကို
အနိုင်ပိုင်းတယ်
But In The End
It Doesn’t Even
Matter…
ရေဒီယိုလေး တိတ်သွားတယ်
ဆယ့်ရှစ်နှစ်သားကတည်းက
နားသောတဆင်ခဲ့တဲ့
ရေဒီယိုလေး တိတ်သွားတယ်…။
ဒါပေမဲ့
ရင်ထဲမှာ ခင်ဗျား ဟစ်အော်နေဆဲ
နာကျင်စွာ ဟစ်အော်နေဆဲပဲ…။
အိပ်တော့ ချက်စ်တာ….
ခင်ဗျားကိုယ်ပိုင် ရွေးချယ်ခဲ့တဲ့လမ်းမှာ
နှစ်ချိုက်စွာ အိပ်ပါတော့…။
ပြန်မဆုံခင် တစ်နေ့အထိ
ခင်ဗျား ဟစ်အော်သံတွေ
ကျနော်တို့ နှလုံးသားတွေထဲ
ဆူညံ ပေါက် ကွဲ ပဲ့ တင်
ထပ် နေ ဦး မှာ ပါ…။
ကိုဇေ
29072017 at 12:55AM