အငြိုးတလက်လက် ပြာပူမိုးတွေအောက် ခေါင်းငုံ့ကာ ရပ်နေသူပါ။
ရင်ကွဲနာကျ အငွေ့ဖြစ်သွားလည်း ဟာသ ပဲတဲ့လား။
ရှိပါစေ။
သိမ်ငယ်သူကိုမှု ပြက်ရယ်ပြုတတ်လည်း ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။
ဒါပေမယ့်လည်း အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။
နတ်ဒေဝါတွေရေ... မကြားတော့ဘူးလား။
ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့ ခနဲ့မဆိုရက်လည်း
မတော်ဘူးထင်တယ်နော်။
ရက်စက်လွန်းလှရဲ့...
“ နားလည်ပါတယ် ” ဆိုတဲ့ စကား တစ်ခွန်းလေးပါးဖို့ ဒီလောက်တောင် ခက်သလားကွယ်...။
ကဗျာကို ကြိုက်လွန်းလို့ ဒီနေရာက
နေမလာခြင်းဖြစ်ပါသည်။
No comments:
Post a Comment