Wednesday, December 23, 2015

ကေတီဗွီ



မြို့ပြရဲ့ညမှာ
သူတို့သီချင်းသံ
(တဏ္ဍာခိုးနဲ့ အရက်ခိုးကြား)
ပျံ့လွင့်ခဲ့ပြီ...။

ကောက်စိုက်သမတို့
လယ်ကွင်းမှာ
တေးမဆိုတော့ပြီ....။            ။


ကိုဇေ

December 22, 2015 at 1:12AM

Wednesday, December 16, 2015

စစ်


လူအချို့ကောင်းစားဖို့
လူအများ အသက်ရင်းလို့
နိုင်သူမှန်ကြေး
ကစားတဲ့ "ပွဲ"


ကိုဇေ

November 26,2015 at 12:30AM

2015 တစ်နှစ်တာ Facebook ပေါ်က ကိုယ့်ရဲ့စာသားတွေ


ဒါဟာလည်း ကဗျာတစ်ပုဒ် ဖြစ်မလားပဲ. . .

ထောင်


ရာဇ၀တ်သား
ခိုး ဆိုး လုယက်
လူသတ် မုဒိန်းသမား
မှ
မဟုတ်ဘူး။

အာဏာရှင်အစိုးရ
ကြောက်ရတဲ့ သူတွေလည်း
အကျဉ်းစံရတယ်...။


ကိုဇေ

November 14, 2015 at 2:11AM