Tuesday, August 25, 2015

ရေဘေး - ၇



ဒေါ်လာဘီလီယံချီကုန်ထားတဲ့
သန်းခေါင်စာရင်းက ချောင်ကပ်နေလို့တဲ့
ကိုယ်ထူကိုယ်ထ
မဲစာရင်း ပြင်ရတယ်။

မိုးနတ်မင်းကြီးက
အစိုးရကို သနားလို့တဲ့
မိုးတွေရွာချပေးလိုက်တာ
တစ်နိုင်ငံလုံး
ရေ ကြီး ရော။

ကိုဇေ
August 12,2015 at 12:06AM


(မြန်မာနိုင်ငံ အနှံ့အပြားတွင်ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

No comments: