Wednesday, August 5, 2015

ညနေခင်းမိန့်ခွန်း




မိဘပြည်သူများခင်ဗျာ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခံခွဲမှု ဥပဒေ ပုဒ်မ ၁၁ အရ
ဂျိုလီကို လက်ဆွဲနှုတ်ဆက်
နွားနို့တစ်ခွက်ဖြင့် တည့်ခင်းဧည့်ခံရင်း
ရေကြီးမြေပြိုမှုများသည်
ထိခိုက်ပျက်စီးမှု ကြီးမားသဖြင့်
ကိုယ်ထူကိုယ်ထ စနစ်ဖြင့်
ဘေးအန္တရာယ်ကင်းသော
အရပ်ဒေသများသို့
Big Bag ၏ သည်းခံ သီချင်းနားဆင်ရင်း
ရွှေ့ပြောင်းနေထိုင်ကြပါ
ပရဟိတ အဖွဲ့အစည်းများနှင့်
စေတနာရှင်များ၏
အထောက်အပံ့ကို
မဘသ ခွင့်ပြုချက်ဖြင့်
စောင့်ဆိုင်းပါ
ထောက်တစ်သက်သည် ရှစ်ရက်
ချွင်းချက်အနေဖြင့်
ကျေးဇူးရှင်တရုတ်တို့အတွက်သာ
ဆိုသည်ကို အခြေခံဥပဒေတွင်
ပြင်ဆင်နိုင်ရန်အတွက်
နောက် ၅ နှစ် သမ္မတသက်တမ်း
ထမ်းဆောင်ချင်ပါသေးတယ်...။


ကိုဇေ
July 31,2015 at 11:46PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

No comments: