Wednesday, August 5, 2015

ရေဘေး - ၁


ပြည်သူတွေယုံတာ
အစိုးရမဟုတ်ဘူး။

ပြည်သူတွေယုံတာ
လူငယ်တွေ။

လမ်းပေါ်ထွက်နေတဲ့ လူငယ်တွေ
လမ်းပေါ်ထွက် အလှူခံနေတဲ့ လူငယ်တွေ
မရှက်မကြောက် လမ်းပေါ်ထွက် အလှူခံနေတဲ့ လူငယ်တွေ

"ရေဘေးသင့်ပြည်သူများအတွက် အလှူခံပါတယ်"
အဲဒီစကားကို ပြည်သူတိုင်း ယုံတယ်။

အစိုးရလူကြီးမင်းများ ခင်ဗျာ
အဲဒီစကား မတော်တဆကြားမိရင်
ရှက်တတ်ရင် ရှက်ကြ...။           


ကိုဇေ
August 3,2015 at 11:46PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

No comments: