Wednesday, August 5, 2015

ကိုယ်ထူကိုယ်ထ နိုင်ငံတော်




တစ်ကယ်ဆို
ငါတို့က ခုချိန်မှာ
TV ကိုကြည့်ရင်း
ဝမ်းမြောက်နေရမှာ

ခုတော့ TV ဘယ်ကြည့်နိုင်ပါ့မလည်း

လာ ငါတို့
မိုးထဲကို ထွက်
ရေထဲကို ထွက်

ဘာသာမသိဘူး
လူမျိုးမကြည့်နဲ့
ရေထဲမှာ ဒုက္ခရောက်နေတာ
ငါတို့နိုင်ငံသားတွေ

အစိုးရက လှည့်မကြည့်ဘူး
သူတို့ကို အပြစ်မပြောပါနဲ့
အားကုန်တယ်...

လာ လာ
အလှူခံကြ
လာ လာ
မင်းဘာလုပ်နိုင်လည်း
ငါဘာလုပ်နိုင်လည်း
ငါတို့နိုင်ငံ ရေမြှပ်နေပြီ

ဆေးရိုးလည်း မီးမလှုံနဲ့
စပါးလည်း တောင်လိုမပုံပေါ့

ခုချိန်မှာ ပါတီမရှိဘူး
အဖွဲ့အစည်း မရှိဘူး
ငါတို့ သူတို့ကိုကယ်ရမှာ
ပြီးရင်
ငါတို့ ငါတို့ကို ကယ်ရမှာ

အစိုးရဘာလုပ်နေလည်း
မမေးနဲ့
သူတို့မလုပ်လို့
မင်းတို့ ငါတို့ လုပ်နေတာ

ဟာ ဟိုမှာသေကုန်ပြီ...
သေပါစေတော့ကွာ...
ဝမ်းနည်းတာက ၀မ်းနည်းတာပေါ့
ရှင်နေတဲ့သူတွေအတွက် ဆက်စဉ်းစားရအောင်

အစိုးရမရှိဘူးလို့ပဲ
သဘောထားလိုက်ပါတော့ကွာ

တစ်ကယ်ဆို
ငါတို့က ခုချိန်မှာ
TV ကိုကြည့်ရင်း
ဝမ်းမြောက်နေရမှာ


ကိုဇေ
August 3,2015 at 1:49AM


(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

No comments: