Monday, August 10, 2015

ရေဘေး - ၎



သစ်ခုတ်ရင် တောပြုန်းမယ်
တောပြုန်းရင် တောင်ဂတုံးဖြစ်မယ်
တောင်ဂတုံးဖြစ်ရင် ရေကြီးမယ်
ရေကြီးရင် မြေဆီလွှာဆုံးရှုံးမယ်
မြေဆီလွှာဆုံးရှုံးရင် အပင်ပြန်မပေါက်ဘူး
အပင်ပြန်မပေါက်ရင် မိုးခေါင်မယ်
မိုးခေါင်ရင် စိုက်ပျိုးရေးမဖြစ်ထွန်းဘူး
စိုက်ပျိုးရေးမဖြစ်ထွန်းရင် အငတ်ဘေးဆိုက်မယ်
အငတ်ဘေးဆိုက်ရင် အစုလိုက်ပြောင်းရွှေ့မယ်
အစုလိုက်ပြောင်းရွှေ့ရင် အလုပ်ခက်မယ်
အလုပ်ခက်ရင် ၀မ်းရေးခက်မယ်
ဝမ်းရေးခက်ရင်
ဝမ်း  ရေး  ခက်  ရင် . . .
                က် ရ် .   .   .

သယံဇာတ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းပြစ်ဒဏ်

ပြစ်ဒဏ်အတွက် ထောင်ရှစ်ရက်

တစ်သက်တစ်ကျွန်းကို လူသန်း ၆၀ ဆက်ခံ

သင်၏ သယံဇာတ ကြွယ်ဝသော နိုင်ငံတော်။


ကိုဇေ
August 7, 20156 at 11:54PM

(မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေဘေးအတွက် ခံစားချက်များ)

No comments: