Thursday, October 3, 2013

Congratulations ဆိုတဲ့စကားကို လှောင်ရယ်သံတွေလို ခံစားနေရတယ် . . .

Congratulations… Congratulations… Congratulations… Congratulations…

ကျွန်တော်တို့နေ့စဉ်ကြားနေကြ စကားလုံးတွေထဲမှာ ဒီစကားလုံး တစ်လုံးလည်းပါတယ်။ Congratulations နဲ့ တွဲနေတဲ့ စကားလုံး တစ်လုံး ရှိတယ်။ အဲဒီစကားက Success ဆိုတဲ့ စကားလုံးပါပဲ…။ အရင်ဆုံး ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ Sex Joke လေးတစ်ခုကို မျှဝေချင်ပါတယ်။ (နဲနဲ ရိုင်းတယ်ထင်ရပေမဲ့ တစ်ကယ့်ကို ထင်သာမြင်သာရှိပါတယ်)


SUCCESS IS LIKE PRENANACY. EVERYBODY CONGRATULATES YOU BUT NOBODY KNOWS HOW MANY TIMES YOU GOT FUCK TO ACHIEVE IT.


ဟုတ်ပါတယ်… တစ်ယောက်ယောက် အောင်မြင်တဲ့ အခါမှာ (သို့မဟုတ်) ကိုယ်ကသူ့ကိုအောင်မြင်တယ်လို့ထင်တဲ့ အခါမှာ Congratulations ဆိုတဲ့ စကားတစ်ခွန်းနဲ့ လူတွေက ဂုဏ်ပြုကြပါတယ်။ အဲလိုအောင်မြင်အောင် ဘယ်လိုတွေရင်းခဲ့ရတယ် ဘယ်လိုတွေ ပေးဆပ်ခဲ့ရတယ် ဘယ်လိုတွေ နာကျင်ခဲ့ရတယ်ဆိုတာကို ဘယ်သူမှ မေးမကြည့်ခဲ့ကြပါဘူး။  ပြီးတော့ အောင်မြင်မှုဆိုတာ ဘာပေတဲ့ နဲ့ တိုင်းတာမှာလည်း။ ကိုယ်ထားတဲ့ စံကရော အဲဒီလူအတွက် စစ်မှန်ပါ့မလား။

Jean Paul Sartre ဟာ စာပေဆိုင်ရာ နိုဗယ်လ်ဆုကို ငြင်းဆန်ခဲ့တယ်။ နိုဗယ်လ်ဆုဆိုတာ တစ်ကမ္ဘာလုံးက စံထားရတဲ့ တန်ဖိုးထားရတဲ့ဆု။ ဒါပေမဲ့ Sartre အတွက်တော့ အဲဆုဟာ အောင်မြင်မှုလို့ မယူဆဘူး။ သူ့ကိုဆုတစ်ခုခုပေးပြီး အမွှန်းတင်တာဟာ ပကတိ တန်ဖိုး ပျက်အောင် လုပ်တာပဲလို့ သူက ယူဆတယ်။ ခင်ဗျားတို့ Satrte ကို Congratulations လို့သွားလုပ်မှာလား… အဲလိုဆိုရင်တော့ ခင်ဗျားတို့ သူ့ကို လှောင်ရယ်လိုက်တဲ့ အတိုင်းပဲ။ သူကိုယ်တိုင်ခါးခါးသည်းသည်း ငြင်းထားခဲ့တဲ့ ဆုလေ။ သူ့အတွက် မက်မောစရာ တစ်ခုမှ မရှိဘူး။ ဒီလိုဆို ခင်ဗျားတို့ သူ့ကို လူမိုက်လို့ ပြောမှာလား ဆဲမှာလား။ ခင်ဗျားတို့ အတွက်က အဲဆုလာဘ်ကြီးက မက်မောစရာကြီးဖြစ်နေခဲ့တာကို။

အောင်မြင်မှုဆိုတာကရော ဘာကြီးလည်း။ သုဒေါဒန မင်းကြီးကတော့ သူ့သား သိဒတ္ထကို စကြ်ာဝတေးမင်းဖြစ်ရင် အောင်မြင်တယ်လို့ ထင်ခဲ့တာပဲ။ သိဒတ္ထကတော့ သတ္တဝါတွေကယ်တင်နိုင်မဲ့ သစ္စာတရားကို ရှာပုံတော် ဖွင့်ခဲ့တယ်။ သိဒတ္ထက ဗုဒဖြစ်ခဲတယ်။ သိဒတ္ထအတွက် အောင်မြင်မှုလို့ ပြောလို့ရပေမဲ့ သူ့ဆွေမျိုးအသိုင်းအဝိုင်းတွေက ချက်ချင်းပဲ Congratulations လုပ်ကြလို့လား။ သူတို့မျက်စိထဲမှာ စကြာ်ဝတေးမင်း စည်းစိမ်ကို စွန့်ပစ်တဲ့ ငမိုက်သားပဲပေါ့။ ဒါတောင် ဒါက သိဒတ္ထ သစ္စာတရားကို ရှာတွေ့ခဲ့လို့သာပေါ့။ နောင်တစ်ချိန်မှာ သိဒတ္ထကိုကြီးစွာသော ချီးကျုးမှုတွေလုပ်ကြတာ။ မတော်တဆ ဒုက္ခရစရိယ ကြားမှာ မျှောသွားခဲ့ရင် သိဒတ္ထဟာ ဆွေစဉ်မျိုးဆက် လူမိုက်ကြီးစာရင်းဝင်ဖြစ်သွားမှာ။

ကဲနောက်ဆုံး ခင်ဗျားတို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ Congratulations ….. Facebook က positive ဆန်တဲ့ life event တွေဆို အမြဲ High Light လုပ်ပေးတယ်။ ခင်ဗျားတို့ သူငယ်ချင်းတွေထဲက In a relationship တို့ Married တို့ ဖြစ်သွားရင် ဝိုင်းပြီး Congratulations လုပ်ကြတယ်။ ကျွန်တော် Facebook သုံးလာတဲ့ ငါးနှစ်လုံးမှာ စသုံးကတည်းက ခင်ခဲ့တဲ့ သူတွေဆို ၅ ယောက်မက ပြောင်းသွားကြတာတွေလည်း ရှိတာပဲ။ ကိုဇူကာဘတ်မှာ တစ်ကွက်တော့ရှိတယ်ဗျ။ ခင်ဗျား In a relationship ကနေ single ပြန်ချိန်းတဲ့ life event ကိုကျအမြဲ Hide လုပ်ပေးထားတယ်။ အဲဒီမှာ အချို့ဆို စိတ်ကောက်လို့ single ပြန်လုပ်လိုက်.. ပြန်ပီး ဟိုချိတ်ဒီချိတ်လိုက်တောင် တွေ့ရတယ်။ လူတွေက ဝိုင်းပြီး Congratulations လုပ်ကြတယ်။ ဘယ်အတွဲက တစ်ရက်မှာ ၂၄ နာရီလုံး ပြုံးပျော်ရွှင်နေမှာလည်း ကြည်နူးနေမှာလည်း။ သူတို့လည်း သူတို့အတိုင်းအတာနဲ့ သူတို့ကြားမှာ ပြနာလေးတွေ ရှိနေမှာပေါ့လေ။ ကျွန်တော်တို့ အပေါ်ယံသာ Congratulations လုပ်နေကြတာ။ တစ်ကယ့် ရင်ဆိုင်နေရတဲ့ ပြနာတွေ အတွက် ဘာတွေများ ဖြေရှင်းပေးနိုင်လို့လည်း။ အင်းပေါ့လေ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကိုယ်ပိုင် ပြနာတွေနဲ့ကို… ကြီးတယ်ငယ်တယ်ဆိုတာကတော့ သူ့အထွာနဲ့သူပေါ့။ ဆပ်ပြာဗူဗောင်းအတွက်လည်း အပ်တစ်ထောက်စာဆိုတာ မစားသာဘူးလေ။ ကျွန်တော့်အာရုံငါးပါးလုံးအတွက်တော့ Congratulations ဆိုတာကို လှောင်ရယ်သံတွေလိုခံစားနေရတုန်းပဲ။

အမြဲတန်းပဲ ကြားနေရဦးမှာပါ။
ရာထူတက်သွားပြီ Congratulations… (Pressure များလာတာ ကျွန်တော်နဲ့ မဆိုင်ပါ)
အိမ်ထောင်ကျသွားပြီ Congratulations… (တိုက်ခန်းခ မီတာခ စတာတွေ ကျွန်တော်နဲ့ မဆိုင်ပါ)
ကလေးမွေးလာပြီ Congratulations… (ကလေးစာရိတ်လိုနေတာ ကျွန်တော်နဲ့မဆိုင်ပါ)
စကော်လာရလာပြီ Congratulations… (စာနောက်လိုက်နေတာနဲ့ သီးချိန်တန် မသီးနိုင်သေးတာ ကျွန်တော်နဲ့ မဆိုင်ပါ)
ရည်းစားရလာပြီ Congratulations… (မတူတာတွေများနေလို့ ညှိရခက်တာ ကျွန်တော်နဲ့ မဆိုင်ပါ)
ဟိုဟာဖြစ်လာပြီ Congratulations… (ဒီဟာ ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါ)
ဒီဟာဖြစ်လာပြီ Congratulations… (ဟိုဟာ ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါ)

ဟုတ်ပါတယ်… ကျွန်တော့်နားထဲ ကျွန်တော့်ကို လှောင်ရယ်သံတွေကို ဖြစ်စေ၊ ကျွန်တော် ချစ်တဲ့သူတွေကို လှောင်ရယ်သံတွေ ဖြစ်စေ၊ ကျွန်တော်မုန်းတဲ့သူတွေကို လှောင်ရယ်သံတွေ ဖြစ်စေ… အမြဲပဲ ကြားနေရဦးမှာပါ။

Congratulations,

ကိုဇေ
October 3, 2013 (Thursday) 3:43AM

No comments: