Tuesday, October 15, 2013

ဇေတစ်ခွက်လောက်

ကမ္ဘာကြီးနဲ့ဘယ်လိုတွေ့မလည်း
အမေ့ဝမ်းကြာတိုက်ထဲကနေ
ရုန်းကန်တိုးထွက်လာခဲ့ရ
နာမည်တစ်ခုအခေါ်ခံရတယ်
အပျော်လွန်နေ့တွေရှိသလို
အငိုများတဲ့ ညခါးခါးတွေရှိတယ်
မေတ္တာတရားရက်စက်မှုနဲ့
အမှားအမှန် လူဆန်ဖို့
အမေရဲ့ နို့ရည်စွမ်းအား
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်မောင်းနှင်ခဲ့ရတဲ့
နှစ်ကာလတွေ
ခလုတ်ကန်သင်းတွေများများ
ဒုက္ခပျားရည်ချိုချို
ဓားသွားပေါ်က ကံတရားလှလှ
နာကျင်ရတယ် ကြင်နာရတယ်...
ပြင်မရတဲ့ အသက်တွေ
တစ်နှစ်ပြီး တစ်နှစ်ထပ်ကြီး
ဘဝဟာ အမြည်းရတဲ့ ဟာလဝါ မဟုတ်ခဲ့တော့
ဇေတစ်ခွက်လောက်နဲ့
ကိုယ်ဖျောက်ဖျက်ခဲ့ရတဲ့ ဝေဒနာတွေ
မြူခိုးတွေလင်းသွားတဲ့ မနက်မှာ
ကိုယ်တစ်နှစ်ထပ်ကြီးပြင်းရပြန်ပြီ။              ။

မိုးလှိုင်ည

(ကိုယ့်ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့မှာ မိုးလှိုင်ည ပေးခဲ့တဲ့ အမှတ်တရ ကဗျာလက်ဆောင်...)

No comments: