Friday, August 23, 2013

သုံည



တစ်ကနေ ကိုးရဲ့ရှေ့
အဖိုးမထိုက်ပေမဲ့
နောက်ဆုံးမှာနေတဲ့ ကိုသုံည
တန်ဖိုးမမဲ့ပါဘူး။

တစ် - ကိုး ပါဝါမရှိမှတော့
ကိုယ့်နေရာ ကိုယ်နေ
ကိုယ့်တန်ဖိုး ကိုယ်သိ
ဘယ်သူမှ ပစ်ပယ်မထားပါဘူး။

ရာ ထောင် သောင်း သိန်း သန်း ကုဋေ
ရှေ့က နောင်တော်ဂဏန်းတွေ
တန်ဖိုးတက်တာ မုဒိတာပွား
ကိုသုည ဘယ်သူလုပ်ကြမလည်း။

ကိုဇေ
August 23, 2013 (Friday) 3:05PM

No comments: