Wednesday, August 21, 2013

ဈေးကွက်

ဘဏ်စာအုပ်ထဲက ဂဏန်းတွေ
စိတ်မလုံခြုံတဲ့ ကွန်ဒိုတွေ
ပညာမဟုတ်တဲ့ စာရွက်တွေ
နာမည်နောက်က ရာထူးတွေ
အရေပြားပေါ်က ကောက်ကြောင်းတွေနဲ့
နှလုံးသားကို ဗန်းပြ
အချစ်ဆိုပြီးချရောင်း
လိင်ကိစ္စကို အစစ်တောင်း
အရောင်းအဝယ်ဖြစ်နေကြတဲ့ ဈေးကွက်မှာ
လူသားဆန်မှု နဲ့ ကိုယ်ချင်းစာတရား
အလကားပေးပါရစေ။ . . . ။

ကိုဇေ
August 21, 2013 (Wednesday) 12:15 PM

No comments: