Friday, August 16, 2013

ရွေးချယ်ခွင့်

လူကောင်း နဲ့ လူဆိုး
ဘာဖြစ်ချင်လည်း။

အချစ် နဲ့ အမုန်း
ဘာခံစားမလည်း။

အဖြူ နဲ့ အမဲ
ဘာရောင်ကြိုက်လည်း။

အရှေ့ နဲ့ အနောက်
ဘယ်အရပ်နေမလည်း။

အချို နဲ့ အခါး
ဘယ်အရသာခံစားမလည်း။

အလင်း နဲ့ အမှောင်
ဘယ်မှာနေမလည်း။

တစ်ဖက်တည်းကို ရွေးချယ်ခွင့်ရှိတယ်။
ဒါပေမဲ့…

ရှင်ခြင်း နဲ့ သေခြင်း
တစ်ဖက်ပြီးတစ်ဖက် ကူးနေရမယ်။….။


ကိုဇေ

August 15, 2013 (Thursday) 10:55PM

No comments: