Thursday, July 18, 2013

ကိုအောင်ဆန်းကို လွမ်းရမှာ ရှက်လာပြီ...။

၁၉၄၇၊ ဇူလိုင် (၁၉) ရက်
အသက် ၃၂ နှစ် ၅ လ ၆ ရက် အရွယ်
ကိုအောင်ဆန်း ကွယ်လွန်တယ်

ဒါပေမဲ့ ခုချိန်ထိ ကိုအောင်ဆန်း အနားမရခဲ့ဘူး။
ဆိုရှယ်လစ်အတွက်၊ စစ်တပ်အတွက်၊ ဒီမိုကရေစီအတွက်၊ NLD အတွက် ....
... အတွက်၊ .... အတွက်၊ .... အတွက်
ကိုအောင်ဆန်းနာမည် အလုပ်လုပ်ပေးခဲ့ရတယ်။
ကိုအောင်ဆန်းစကားလုံးတွေ အသုံးချခံခဲ့ရတယ်။
ကျွန်တော်တို့ ကိုအောင်ဆန်းအတွက်
တစ်နှစ်မှာ မွေးနေ့နဲ့ သေနေ့
၂ ရက်လောက် လွမ်းပြရုံထက်ပိုပြီး
ဘာများလုပ်ပေးခဲ့ပြီးပြီလည်း။
ကိုအောင်ဆန်းကတော့ သူ့ကိုလွမ်းနေမှာထက်
သူ့ထက်တော်တဲ့ လူငယ်တွေ ပေါ်ထွက်လာပဲ မြင်ချင်မှာပါ
သူ့သွေးနဲ့ချွေးနဲ့ရင်းခဲ့တဲ့ နိုင်ငံ ကမ္ဘာ့အလယ် တင့်တယ်တာပဲ မြင်ချင်မှာပါ
ကျွန်တော်တို့ တာဝန်မကျေသေးဘူး။
ကျွန်တော်တို့ ကိုအောင်ဆန်းအပေါ်အကြွေးတွေများနေပြီ...။

ခုတော့ဖြင့်...
ကိုအောင်ဆန်းမကြိုက်တဲ့ စိတ်ဓာတ်တွေ၊
ကိုအောင်ဆန်းမကြိုက်တဲ့ အမူအကျင့်တွေနဲ့၊
ကိုအောင်ဆန်းကို ဖွဲ့နွဲ့ပြီးလွမ်းပြနေကြလို့
ကိုအောင်ဆန်းကို လွမ်းရမှာ ရှက်လာပြီ...။

ကိုဇေ
July 18, 2013 (Wednesday) 2:38PM



No comments: