ကျောင်းဖွင့်ချိန်အခါ
ရောက်ရင်ပ
ရောင်းရင်းအိမ်တကာ ပေါက်ဝင်ပြ
မှော်ဘီကစက်မှုကျောင်းသားရယ်နှင့်
အဒေါ်ဆီက လက်တို့တောင်းရမှာဖြင့်
သားတွက်မုန့်ဖိုး။
ဒီတစ်ချိန်ဆရာ,မလာရင်တော့
အရင်ရင်အခါတွေလိုသာ
ဘာလိုလိုလစ်ကာပြေးကြမယ်
ဌာနမှူးကိုတော့ မျက်ခြေမပြတ်စေလို။
သူငယ်ချင်းတစ်တွေ ထန်းတောရောက်ကာမှ
လမ်းကြောပျောက်ကာ စိုးသူကတစ်မှောင့်
ရောက်ချင်ရာရောက်
မှောက်ချင်ရာ မှောက်မယ်တဲ့။
ထန်ရည်ချိုပုလင်းဖောက်ရရင်
အလွမ်းသယ်ကာ အတင်းသောက်ကြချင်ပေမဲ့
မြည်းစရာ ဟိုသည်ကြည့်ပြန်တော့
(သူတို့အခေါ်) လယ်ကြွက်ကင်ကောင်းပါပေ့
မြောင်းတကာ က ပွေ့လာသတဲ့။
ပေါ်တကာ ပျောက်တစ်လှည့်ရယ်နှင့်
တော်တော်ကြာ စာတွေမကူးနိုင်လို့
ကျော်ကျော်ကာ ဘာတွေတွက်မှန်းမသိ။
စာမေးပွဲအချိန်စာရင်းထွက်ပါမှ
မျက်ကလူးဆန်ပြာသလိုပ
သင်္ကြန်အခါမှာ မယ်တွေယိမ်းကသလို
အမြန်လာကွာ စာတွေစိမ်းရော့မယ်။
ရှေ့နောက်ဆင့်ခုံနံပါတ်တွေက
ဖတ်စာအုပ်တစ်ဝက်ခြမ်းပါလို့
နင်အရှေ့ပိုင်းကျက် ငါအနောက်ပိုင်းမှတ်မယ်ဆိုပြီး
သကာလ
ပသာဒမရှိတဲ့ ရုပ်ကိုယ်စီနဲ့
ကျုပ်ကိုဒီတစ်ပုဒ်လောက်တော့
ပုဂ္ဂိုလ်ဆရာလစ်ရင်လစ်သလို
ထောင်ထောင်ကာ စာကိုပြရင်ဖြင့်
နောင်နောင်ခါ နင်စားချင်တာပြော
လှောင်လှောင်ကာ မရယ်(ရီ)လိုစေချင်ဘု
စာမေးပွဲအရောက်။ ။
GTI (EP)
Hmawbi (1998-2000 batch)
Hmawbi (1998-2000 batch)
(လွန်ခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော်
ကျွန်တော့်သူငယ်ချင်း အုပ်စိုးသင်း မှော်ဘီ GTI ကို ၃ နှစ်သွားတက်ပြီး တဲ့နောက် ရေးခဲ့တဲ့
လေးချိုးကြီး၊ July 16,2013 ညမှ ကျွန်တော့် စာအုပ်သေတ္တာထဲက စာအုပ်တစ်အုပ် ကြားမှာ ပြန်ရှာတွေ့လို့
အမှတ်တရ ပြန်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။)
No comments:
Post a Comment