Friday, June 7, 2013

ဆွေး

ကမ်းနှင့်အလှမ်းဝေး ရွက်လှေလေး
ဘယ်ဆီကိုရောက် လမ်းလည်းပျောက်
လေနောက်လိုက်ပြေး ကမ်းအဝေးဆီ
လှိုင်းလုံးတွေကြား မရပ်မနား
တအားပြေးလေပြီ။

သူလည်းပြေးလွှား တောအုပ်ကြားဝယ်
ဘယ်ဆီကိုလှမ်း ဘယ်ကိုမြန်းမည်
မသေချာသည့် သခင်မပါကြိုးသာပါ
ဖြူကြားနှင့်ခွေး သူလည်းအဝေး
တအားပြေးလေပြီ။

နွမ့်မှည့်ရင့်ခြောက် သစ်ရွက်တို့လည်း
ပင်ယံထက်တွင် သခင်လက်မခံ
မြေ၌စံဖို့ မြေဆီသို့
တစ်ဝေးလွင့်လေပြီ။

ထိုသို့တူစွာ လွမ်းသူမှာလည်း
ချစ်သူလက်မခံ နွမ်းသည့်ပန်းနှယ်
ဝေးလွင့်ပြည်ဖို့ လွင့်မြောဖို့
တစ်အားဆွေးလေပြီ။

ကိုဇေ

(၉တန်းကျောင်းသားဘဝ ၁၉၉၆/၁၉၉၇ ခုနှစ်က ကလေးအတွေး)

No comments: