Monday, June 17, 2013

စွန်ပလွန်ပင်တွေအောက်ကလူ

လာပါ ရှင်
ကျွန်မရဲ့ ခြုံလွှာအောက်ကိုဝင်
နှုတ်ခမ်းဆိုးဆေးကို ဖြစ်ဖြစ်
ရှင့်မျက်နှာပေါ်က မိတ်ကပ်တွေကိုဖြစ်ဖြစ်
ကျွန်မ ရဲ့ Hijab နဲ့ ပွတ်သပ်လိုက်ပါ
ပန့််ခ် ဂီတတွေ ပြီးတော့ စွန်ပလွန်ပင်တွေ
စိတ်ချမရတဲ့ လိင်သရမ်းလူ့အဖွဲ့အစည်းတစ်ခုရဲ့ပြယုဂ်
အဲဒီ ခြုံလွှာကို ရုံပြီးတော့ ၀တ်ပြုဆုတောင်းလိုက်ပါ
တော်လှန်ရေးမှာ အမျိုးသမီးတွေကို လိုတယ်မှလား
လိင်မှုကိစ္စမှာ အမျိုးသမီးတွေကို လိုတယ်မှလား
အိမ်ထောင်မှုထိန်းသိမ်းရာမှာလည်း အမျိုးသမီးတွေကို လိုတယ်မှလား
ရှင် အမျိုးသမီးတွေကို ဘယ်နေရာမှာများ မလိုသေးလဲ
မက်တတ်ရပ်ပီး သေးမပေါက်တတ်တဲ့ပြစ်ချက်
ပြီးတော့ယုံကြည်ရာ ဘာသာရေးမှာ မဆိုင်စွာ ခွဲခြားခံရရုံပြစ်ချက်တွေ
အဲဒါတွေလောက်နဲ့ ရှင်က မြင့်မြတ်နေရော့လား
ရှင့်ခွန်အားတွေ ကျွန်မရဲ့ သန်စွမ်းမှုတွေ
အိပ်ရာခင်းပေါ်မှာတင် ချစ်ခြင်းမေတ္တာဆိုတာမျိုး
အိပ်ရာခင်းပေါ်မှာတင် မခွဲခြားတာမျိုးဟာ
ဟောဒီ ကမ္ဘာမှာ
ဘယ်လောက်များ လုံလောက်မှာလဲ
စွန်ပလွန်ပင်တွေကစပြီးကျိုက်ထီးရိုးတောင်မှာ ကျားလိုက်ခံရတာတွေ
ကပ်ကြီးဆယ်ပါးနဲ့ မောရှေရဲ့ နိုင်ငံတော်မှာ
ရှင်တို့ရဲ့ ကြေညာစာတမ်းအတိုင်း ပစ္စည်းမဲ့မုဒိန်းကျင့်ခံရတာတွေ
ဖက်ဆစ်စနစ်ကြီးရဲ့ အောက်မှာ ပဲပြုတ်ရောင်းခဲ့ရတာတွေ
ရှင် အစပြန်မဖေါ်နဲ့လေ
ရှင် ဘာတွေ လိုအပ်သလဲ
ရှင် ဘာတွေ လုပ်နိုင်သလဲ
ကျွန်မဟာ နိုဘယ်ဆုရ အမျိုးသမီးတစ်ယောက်
ကျွန်မဟာ ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ်
ကျွန်မဟာ ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး
ကျွန်မဟာ ပထမဆုံး ရွေးချယ်တင်မြှောက်ခံ
ကျွန်မဟာ စစ်ပွဲရဲ့ သားကောင်တွေကို ကယ်တင်သူ
ကျွန်မဟာ အိန္ဒိယရဲ့ ပြစ်ပယ်ခံ လူသားတွေကို မြင့်မြတ်စေသူ
အဲဒီတော့ ကျွန်မ မလုပ်နိုင်တာမျိုး
ကျွန်မ မတိုက်ခဲ့တဲ့ စစ်ပွဲမျိုး
ကျွန်မ မဖတ်ခဲ့တဲ့ စာပေမျိုးကို ညွှန်းပါ
အရေးကြီးတဲ့ အကြောင်းအရာဖြစ်တဲ့
ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်တွေအကြောင်း
အလုပ်သမားရေး လှုပ်ရှားမှုတွေအကြောင်း
တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းအတွေအကြောင်း
ရှင်လေ့လာ စုံစမ်းလို့ရသမျှ စာရင်းပြုစုထားပါ
ကျွန်မ ဘယ်နေရာမှာများ နောက်ကျနေသလဲ
ကျွန်မရဲ့ လက်ထပ်ခွင့်
ကျွန်မရဲ့ ဂုဏ်သိက္ခာ
ကျွန်မရဲ့ အ၀တ်အစားရွေးချယ်မှု
ကျွန်မရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်
ကျွန်မရဲ့ အတွေးအခေါ်
ကျွန်မရဲ့ ကိုယ်ပိုင်စွမ်းအား
ဘာလို့များ တံခါးတွေ ရှင်တို့ ပိတ်ချင်ပါလိမ့်
ရှင်တို့ဆိုတာ ရှင်နဲ့ ရှင့်အသိုင်းအ၀ိုင်းပေါ့
ကျွန်မတို့ကို ကိုယ်ခံအားနည်းနေတဲ့ လူ (သို့မဟုတ်) လူအမည်ခံလို့ ညွှန်းချင်တာလား
မက်တက်ရပ်သေးပေါက်တတ်ရုံ
ခန္ဒာကိုယ် တည်ဆောက်ပုံ အားသာမှု
ဒီလောက်လေးနဲ့ ရှင်တံခါးပိတ်ထားလို့ ရတယ်တဲ့လား
ရှင်တို့ရဲ့ အလိုဆန္ဒသက်သက်မှာ
ကျွန်မရဲ့ ရွေးချယ်ပိုင်ခွင့်တွေသေခါနီး ဧရာဝတီမြစ်ထဲ လွှင့်ပစ်လိုက်ရမလား
ကျွန်မတင်ဆက်တဲ့ ကြေညာစာတမ်းကို ရှင်ဖတ်ပါ
စွန်ပလွန်ပင်တွေ ၊ ငမိုးရိပ်မိကျောင်းတွေ
အဲဒါတွေကို ရှင်ဖတ်ဖူးတဲ့ ပုံပြင်စာအုပ်ထဲမှာ ထားခဲ့ပါ
သဘာဝဟာ ရှင်တို့ရဲ့ မိခင်ဖြစ်ခွင့် ကျွန်မဆီမှာ အပြည့်အ၀ ပေးထားတယ်
သဘာဝဟာ ဘာသာစကားရဲ့ အထွဋ်အထိပ်မှာ ကျွန်မကို ထားထားတယ်
သဘာဝဟာ လိင်သရမ်းတဲ့ လူ့အဖွဲ့အစည်းမှာ ကျွန်မကို လုံခြုံခွင့် ထပ်ပေးထားမှာပါ
ရှင်တို့ရဲ့ အလိုဆန္ဒတွေ ၊ မျက်ကန်းကိုးကွယ်မှုတွေ ၊ အစွန်းရောက်ဖက်ဆစ်အတွေးအခေါ်တွေ
အဲဒါတွေကို ကျွန်မ ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်ဘူး
ကျွန်မကို သဲကန္တာရထဲမှာ ထားခဲ့မယ်ဆိုတဲ့ ရှင့်အတွေးအခေါ်တွေ
ပန်းဆိုးတန်း အောက်က တံတားထဲ ထိုးထည့်လိုက်ပါ
ရှင်တို့ဟာ လိင်ရမ္မက်အတွက်သက်သက် ကျွန်မတို့ကို ချဉ်းကပ်ဖို့မတွေးခေါ်သင့်ဘူး။       
Sex ဗဟိုပြုချဉ်းကပ်မှုဆိုတာ ရှင်တို့ရဲ့ မင်းတရားကြီး
ကလေးတွေမွေးပြီးနိုင်ငံ ဖျက်သွားထဲက ကုန်ဆုံးသင့်ပြီ
ကျွန်မရဲ့ လင်ယူသားမွေးခွင့်ကို ရှင်တို့ရဲ့ အိတ်ကပ် ထဲက ထုတ်လိုက်ပါ
တန်းတူညီမျှ လှေကြီးကို တူတူလှော်ကြပါစို့
ပြီးရင်
ရှင်တို့ရဲ့ ဗရမ်းဗတာ အတွေးအခေါ်လေးတွေကို သားဆက်ခြားပါ
ရှင်တို့ရဲ့ မျက်ကန်းအယူဝါဒလေးတွေကို သားလျှောစေလိုက်ရင်
ကျွန်မတို့ အိမ်ထောင်စုဟာ သာယာလှပ လာမှာ
မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့ စကားပုံ အကျိုးအကန်းအစား
တဏှာရူးလွန်ရင် ပြည်ပျက်တယ်လို့ ပြောင်းပေးပါ
လုံခြုံစွာဝတ်စားပါဆိုပြီး ကန့်သတ်မယ့်အစား
လုံခြုံတဲ့ ပါတ်ဝန်းကျင်ကို ချုပ်လုပ်ပေးပါ
နားလည်မှုနဲ့ အတူနေထိုင်ရအောင်
မင်းတို့အတွက်ပါ စကားနဲ့ရှင်တို့ရဲ့ မဟာယဉ်ကျေးမှုအပြိုအပျက်တွေကို ခေါက်သိမ်းပေးပါ
ဒီအရေးအသားနဲ့ဒီအကြောင်းအရာရဲ့ ဗဟိုဟာ
စွန်ပလွန်ပင်တွေ အောက်က
ခြုံခိုတိုက်ခိုက်တတ်တဲ့ရှင်တို့ကို ဆွဲထုတ်ပေးချင်စိတ်ပါ။


  • (Hijab = အာရပ်အမျိုးသမီး ၀တ်ရုံ)

Original Source : Click here 

No comments: