Thursday, March 28, 2013

လူကိုလူလို့ပဲမြင်ပါသည်...

ပထမဆုံး ကျွန်တော်တို့ကြားကြားနေရတာက သီတာထွေးက ခင်ဗျားနှမမဟုတ်လို့ မစာနာတာလားတို့ ဘာတို့ပေါ့ဗျာ.... ကျွန်တော်ကတော့ ရိုးရိုးလေးပဲ တွေးကြည့်တယ်... သီတာထွေး အတွက် စိတ်မကောင်းဘူး.. ဒါပေမဲ့ အဲအတွက် မူစလင် အကုန်လုံးကို အပြစ်တင်စရာ အကြောင်းတော့ မရှိဘူးလေဗျာ... သီတာထွေး မုဒိမ်းကျင့် အသတ်ခံရတာက မူစလင်တွေ အကုန်လုပ်တာမှ မဟုတ်တာ... ရာဂဘီလူးစီးနေတဲ့ ရာဇ၀တ်သား သုံးယောက်လုပ်တာလေဗျာ... မြန်မာနိုင်ငံမှာ အမှုကြီး ဆယ်မျိုးထဲမှာ လူသတ်မှုပြီးရင် မုဒိမ်းမှုက အများဆုံးဖြစ်နေကြပါ.. ရိုဟင်ဂျာကိုလက်ခံတာ မခံတာက တစ်ပိုင်း... ဒီကိစ္စလေး တစ်ခုထဲနဲ့တော့ ရခိုင်မှာ ပဋိပက္ခ လုံးဝမဖြစ်သင့်ဘူး..

အဲကိစ္စမတိုင်ခင်မှာ ညောင်ဦးမှာ ဂျပန်မလေးတစ်ယောက်ကို ဆိုင်ကယ် ကယ်ရီသမားက မုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့သေးတာပဲလေ... ကိုယ့်ဂျပန်လူမျိုး တစ်ယောက် အသက်ခံရလို့ဆိုပြီး ဘယ်ဂျပန်လူမျိုးက သူ့နိုင်ငံမှာ အလုပ်လုပ်နေတဲ့/ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို သတ်ပစ်ခဲ့လို့လည်း...

ခုလည်း မိတ္ထိလာ မှာ ထပ်ဖြစ်လာခဲ့တယ်... ဖြစ်ပုံကတော့ ညီမငယ် ယဉ်ယဉ်နှောင်း ပြောခဲ့သလိုပဲ..

ရွာကလာတဲ့လင်မယားနှစ်ယောက်၊
အလှူလုပ်ဖို့ ရောက်၊
သွားတဲ့ဆိုင်က ၇၈၆၊
ကျိုးသွားတယ် လက်ကောက်၊
ဆိုင်ရှင် တုတ်နဲ့ ခေါက်၊
ပိုင်ရှင်ယောက်ျား ဦးခေါင်းပေါက်၊
လူအများဝိုင်းလို့ သွေးထိုးမြောက်၊
အရေးအခင်းကြီးပေါ်ပေါက်၊
ရဲတွေဝိုင်းလို့ ရောက်၊
၁၄၄နဲ့ခြောက်။

အဲ့ဒါဖြစ်စဉ်အကျဉ်းချုပ်ပဲ :D

တစ်ကယ့်ကိုရိုးရိုးလေးပါပဲဗျာ... ဒါပေမဲ့ ဖြစ်ချင်တော့ ရိုးရိုး ရန်ဖြစ်ရုံးလေးနဲ့ ခေါင်းပေါက်တာ တစ်ခုတည်းကို ဘာလို့ အွန်လိုင်းမှာရော အပြင်မှာပါ အဖွားကြီးသေပြီဆိုတဲ့ ကောလဟာလ ကကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ရတာလည်း... ဒီထက်နဲနဲပိုပြီး ရှေ့ကို ပြန်ကြည့်လိုက်ရင် 969 campaign ဆိုပြီးလုပ်တယ်... ကုလားမုန်းတီးရေးကို အခြေခံတဲ့ ဘာသာရေး ဟောပြောမှုတွေ၊ ဟောပြောခွေတွေကိုလည်း လက်ဆင့်ကမ်းကူးယူဝေမျှမှုတွေ လုပ်တယ်.. တချို့သာရေးနာရေးတွေမှာပါ အဆိုပါ ၉၆၉ တရားခွေများကို လိုက်လံ လှုဒါန်းနေတာကို တွေ့ရတယ်.. အမျိုးဘာသာ၊သာသနာ စောင့်လျှောက်ရေး တရားတော်ဆိုလား ဘာလား... ကျွန်တော်ကြားဘူးသမျှတော့ နိဗန်ရောက်ကြောင်း တရားတော် ပဲကြားဘူးတာပါဗျာ... အစကတည်းက ကိုယ့်ဖာသာ ကိုယ့်ဘာသာ ကိုဘာမှန်းညာမှန်း မသိ... သူများမြှောက်ပေးမှ ဟေးဟား ဆိုတဲ့ သူတွေက အဲနောက်ပါကုန်ရော.. အဲ campaign ကလည်း တော်တော်ကျယ်ပြန့်တယ်... အဲလို campaign လုပ်ဖို့ ဘယ်သူထောက်ပံ့ပေးထားတာလည်း... ကျွန်တော် အမြဲစဉ်းစားနေတာအဲဒါပဲ..  ကျွန်တော် လုံးဝ မထောက်ခံခဲ့ဘူး... မထောက်ခံလို့ ဘာသာမဲ့လို့ လာပြောလည်း မဖြေရှင်းဘူး... ကျွန်တော် ကိုယ့်လိပ်ပြာကိုယ်လုံခဲ့တယ်...

ခုချိန်ထိ မိတ္ထိလာ ပဋိပက္ခမှာ မူစလင်တွေ သေခဲ့လို့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေ အသတ်မခံရသေးပါဘူး.. အနောက်အာရှ လိုနိုင်ငံတွေမှာ သွားအလုပ်လုပ်နေတဲ့ သူတွေ ဘာဒုက္ခမှ မတွေ့သေးပါဘူး.... ဒါပေမဲ့ သူတို့ အတွက် စိတ်ပူမိတယ်... အစွမ်းရောက် မူစလင်အချို့က သူတို့ အမျိုးတွေ ဒီမှာ အသက်ခံရလို့ ဆိုပြီး လက်စားချေရင် အဲလူတွေက ဘာမဆိုင်ညာမဆိုင် ခံရမှာ.. အမျိုးဘာသာသာသနာ စောင့်လျှောက်နေတဲ့ ပုဂိုလ်များအဲဒါကို တွေးမိပါရဲ့လား..

နိုင်ငံ၊ လူမျိုး၊ ဘာသာ .... ဘာပဲ ကွဲပြားကွဲပြား... နေရာတိုင်းမှာ
လူကောင်းဆိုတာရှိတယ်... လူတော်ဆိုတာရှိတယ်... လူဆိုးဆိုတာရှိတယ်... လူမိုက်ဆိုတာရှိတယ်... လူယုတ်မာဆိုတာရှိတယ်.... လူအမျိုးအမျိုးအထွေထွေရှိတယ်.....


အဓိကက လူ ကို "လူ" လို့ပဲမြင်ကြည့်ဖို့ပါ...


(စာရေးမကောင်းပေမဲ့ မနေနိုင်တော့လို့ စိတ်ထဲပေါ်လာတာ ကိုချရေးသည်... ဖေ့ဘုတ်တွင် ရန်မများချင်၍ ဘလောဂ့်တွင်လာရေးခြင်းဖြစ်သည်၊)


ကိုဇေ

March 28, 2013 (3:35PM)







3 comments:

Winnie said...

Ko Zey, I shared your post. It's really great. I think everyone must read this. :)

Unknown said...

100% behind with that writing!..Ko Zey

Anonymous said...

.......................... ဘာမှကို မပြောချင်တော့ပါဘူး -_- .......
ညီမလည်း FB မှာပြောရင် ပြသနာများမှာစိုးလို့ မပြောဘဲထားတာ.....
၉၆၉ ... ဆိုတဲ့ ဂုဏ်တော်တွေကို လေးစားပါတယ် .... ဒါပေမယ့် .... အဲဒီ ၉၆၉ ဂိုဏ်းကလူတွေကိုတော့ တော်တော်ရွံတယ်.... အရင်က မုန့်ဆိုင်တွေ ကားပေါ်တွေမှာ .... ဘုရားပုံလေးတွေ ဘုရားစာလေးတွေ ကပ်ထားတာ ဘယ်လောက် ကျက်သရေရှိလဲ.... အခုတော့ ၉၆၉ တံဆိပ်မြင်တာနဲ့ကို သွေးစွန်းနေတဲ့ လက်တွေပဲမျက်စိထဲပြေးပြေးမြင်ရတာ..... ပူလောင်လိုက်တာ :(