Wednesday, March 20, 2013

ချိုးကူသံကြားက အမိမြေ

လက်နက်တွေ ကိုယ်စီချပါလို့ 
ရပ်ကြစို့ စစ်ပွဲတွေ။

တို့ တစ်တွေ ညီနောင်ဖွား
မိသားစုလေ။

တစ်တိုင်းပြည်လုံး ယမ်းနံ့ မဝေ
ချိုးကူးသံတွေ သာစေသား။

သူလည်းလေ စေတနာကမ်းပါလို့ 
ကိုယ်လည်းလေ မေတ္တာလှမ်းရင်ဖြင့်
ငြိမ်းချမ်းမှာ အမှန်ဆုံးပါပဲ
အမုန်းတွေ ရင်မှာဖျောက်ကာပေါ့
ဒီမိုကရေစီ တိုင်းပြည်ရောက်အောင်ကွယ်
(နောင်ကြီးရေ)အတူလျှောက်စို့ လား။


.......................ယဉ်ယဉ်နှောင်း(၁၉-၃-၂၀၁၃)
Original Source : http://www.facebook.com/yinyinhnoung/posts/506186736105900

No comments: