Monday, December 29, 2014

ရွှေရတုဆိုတာ ရွှေရည်စိမ် အတုအယောင်

  

(၁)

ပစ်တယ်... သတ်တယ်...
မသေဘူး...
RIT ကနေ YIT ဖြစ်လာတယ်။

ရိုက်တယ်... ဖမ်းတယ်...
လွတ်မြောက်ဆဲ...
YIT ကနေ YTU ဖြစ်လာတယ်။

သန်လျင်၊ မှော်ဘီ၊ လှိုင်သာယာ၊ ပြည်၊ မန္တလေး၊
ဒီကောင်တွေ သွေးခွဲပြီး
ကျောင်းပိတ်ပစ်လိုက်တယ်...
1964 မှသည် ရွှေရတုမတိုင်ခင်
ဆယ်စုနှစ်တစ်ခုအလိုဆီ...။


(၂)

တစ်နှစ်၊ နှစ်နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခွန်၊ ရှစ်နှစ်...
သမိုင်းကိုဖျောက်လို့
ကျောင်းပြန်ဖွင့်လိုက်ပြီ။


(၃)

အိုညီငယ် ညီမငယ်တို့
ပစ်တိုင်းလည်း မသေ
ဖမ်းတိုင်းလည်း မမိခဲ့ဘူး။

ကိုယ်တို့ ကျောင်းဟာ သူပုန်ထတယ်။
ကိုယ်တို့ ကျောင်းဟာ သူပုန်ဖြစ်တယ်။

မတရားတဲ့ အစိုးရကို ဆန့်ကျင်တဲ့
သူပုန်တွေ ကိုယ်တို့ကျောင်းက
ရှေ့ဆုံးကနေ ထွက်လာခဲ့ဘူးတယ်။

အိုညီငယ် ညီမငယ်တို့
RIT - YIT - YTU
နောင်တော်တွေနောက် လိုက်ခဲ့ပါ။

သက္ကရာဇ် နှစ်ထောင့်သုံးဆယ့်ကိုးမှာ
သူပုန်တွေကျင်းပတဲ့ စိန်ရတုသဘင်
အစစ်အမှန် မြင်ချင်မိတယ်ကွယ်။               ။


ကိုဇေ
December 27, 2014

11:12PM


အဲဒီနံရံကပ် ကာတွန်းbox ကပုံလေးကနေ ဆက်တွေးကြည့်မိလိုက်တာ

No comments: