Friday, January 2, 2015

ရန်ကုန်


ဒီမြို့ကြီးပေါ့...
ရန်တွေမကုန်ခင်
တစ်ခုလတ် ဖြစ်ခဲ့တယ်။

ဒါပေမဲ့
သက္ကရာဇ်တွေက
သူ့ကို တိုက်စားမသွားဘူး။
သူသွင်ပြင်ဟာ အမြဲလန်းတဲ့
အပျိုဖျန်းလေး အတိုင်းပဲ။

တိုက်တွေမြင့်သထက်မြင့်ပြီး
ဘ၀တွေ နိမ့်သထက် နိမ့်လာတဲ့မြို့
သို့မဟုတ် "ရန်ကုန်"
ဘယ်တော့မှ သွေးဆုံးမှာ မဟုတ်ဘူး။             ။



ကိုဇေ
January 1, 2015 (Thursday)

10:47 PM

No comments: