Tuesday, April 1, 2014

ဧပြီ ဖူးလ်


ဒီနေ့က...
အရူးထတဲ့ နေ့လား?
အရူးဖြစ်တဲ့ နေ့လား?
အခြားသောနေ့များစွာအတိုင်း
ဒီနေ့မှာလည်း
ငါဟာ တစ်ကိုယ်တော်။
တမ်းတစိတ်က ငါ့ကို ဒီနေ့
အစောကြီး နိုးနေစေခဲ့...၊
တမ်းတစိတ်က ငါ့ကို ဒီနေ့
ခါတိုင်းလို ဆက်လက်ပြုစားခဲ့...၊
ပူပြင်းကျွတ်ဆတ်နေတဲ့ လောကကြီးကို
တစ်ယောက်တည်း
အူတိအူကြောင် ထွက်ခဲ့တယ်။
ဆူညံနေတဲ့ ကမ္ဘာကြီးက
စိတ်ဂယောက်ဂယက်ဖြစ်ချင်စရာ...
ရှုပ်ပွလွန်းနေပေါ့။
ဒါ
ပေ
မဲ့...
ဘာကမှ ငါ့ကိုပိုရူးအောင် မလုပ်နိုင်တော့ဘူး။
တကယ်သေချာတာက
အနားမှာ မင်းမရှိတဲ့အတွက်
နေ့တိုင်းဟာ
ငါ့အတွက် ဧပြီဖူးလ်။


သွန်းနေစိုး

No comments: