ဖြစ်ရပ်(၁)။ ကိုဇေနှင့်အရမ်းခင်သော
ကောင်လေးကောင်မလေး အတွဲတစ်တွဲရှိပါသည်။ ကောင်လေးသည် ကောင်မလေးအား ခဏခဏ
ချိန်းပါသည်။ ချိန်းတိုင်း ကောင်မလေးမှစောရောက်ပါသည်။ ကောင်လေးသည်
အမြဲနောက်ကျပါသည်။ တစ်ခါတစ်ရံ ရောက်မလာတတ်ပါ။ ထိုအခါကောင်မလေးမှ ကောင်လေးရှိတတ်သော
ဂိမ်းဆိုင်သို့လိုက်သွားပါသည်။ ထိုအခါတွင်လည် ဒိုတာသမားများ၏ ဖရုသ၀ါစစကားများကိုနားထောင်ရင်း
ထိုင်စောင့်ပေးရတတ်ပါသည်။ မတတ်သာသည့်အဆုံး ကောင်မလေးနောက် ကောင်လေးပါသွားသော အခါ
ဆိုင်ထဲတွင်ကျန်ခဲ့သော သကောင့်သားများမှ မကြားတကြား စောင်းမြောင်းပုတ်ခတ် ပြောဆိုတတ်ပါသည်။
ကြာသောအခါကောင်မလေးတွင် ညည်းခံနိုင်မှု ကုန်ဆုံးသွားသောအခါ ကောင်လေး
ကိုဖြတ်ပစ်လိုက်ပါသည်။
ဖြစ်ရပ်(၂)။ ထိုအတွဲကဲ့သို့နောက်တစ်တွဲရှိပါသည်။
ထိုကောင်လေး သည် အပေါ်မှကောင်လေးလောက်တော့မဆိုးပါ။ ကောင်မလေးသည်
အလုပ်ရှုပ်သောကြောင့်သိပ်လည်းမတွေ့ဖြစ်ပါ။ သူသည် နေ့မှန်းညမှန်းမသိဒိုတာခုတ်ပါသည်။
သူကောင်မလေးမွေးနေ့ကိုမေ့သွားပါသည်။ ကောင်မလေးက ကြိုပြောထားရက်နှင့်ညဘက်ဒိုတာခုတ်
အိပ်ပျော်ပီး နေ့စွဲမေ့ပီး မေ့သွားခြင်းဖြစ်ပါသည်။ ကောင်မလေးလုံးဝခွင့်မလွှတ်ပါ.
ခွင့်လွှတ်စရာအကြောင်းလည်းမရှိပါ။ ကောင်မလေးများ
မွေးနေ့ကဲ့သို့နေ့များကိုတန်ဖိုးထားတတ်မှန်း ကောင်လေးများသိသင့်ပါသည်။
ဖြစ်ရပ်(၃)။ ကောင်မလေးသည်
အော်ဇီတွင်ကျောင်းတက်နေပါသည်။ သူရန်ကုန်ပြန်ဖြစ်ဖို့သေချာမသေချာ ဖြစ်နေပါသည်။
သေချာသွားသောနေ့တွင် သူ့ကောင်လေးကိုဂျီတော့တွင်တွေ့သဖြင့် ၀မ်းသာအားရလှမ်းခေါ်၍
ပြောပြလိုက်ပါသည်။ ၂နာရီအတွင်း ကောင်လေးထံမှ ဘာမှပြန်ခြင်းမရှိပါ။
ကောင်မလေးစိတ်တို၍ ကိုဇေအားတိုင်ပါသည်။ ၂နာ၇ီခွဲလောက်ကြာမှ ထိုကောင်လေးတက်လာပါသည်။
ဒိုတာခုတ်နေလို့ခနစောင့်ပါဟုသာ ပြောသွားပါသည်။ ကောင်မလေးအားချော့ခြင်းလည်းမရှိပါ.
ကိုဇေ ထိုကောင်လေး၏ကောင်းကြောင်းများကို ကောင်မလေးအားများစွာပြောပြပေးဘူးပါသည်။
သို့သော်......
ဖြစ်ရပ်(၄)။ တစ်နေ့ကိုဇေinbox
ထဲသို့မတွေ့တာကြာပီဖြစ်သော သူငယ်ချင်းမှအိမ်လာမည်ဟူသော မေးတစ်စောင်ကို
အချိန်နီးမှကပ်ရပါသည်။ ထိုနေ့တွင် ကိုဇေအရေးတစ်ကြီးကိစ္စြုဖင့်
အပြင်သွားစရာရှိပါသည်. သို့သော် သူငယ်ချင်းကိုတွေ့ချင်သဖြင့် ထိုင်စောင့်နေပါသည်.
နေ့လည် ၁၂နာရီ အိမ်တွင်ထမင်းပါစားမည်ဟု ပြောထားသောသူငယ်ချင်းသည် ညနေ၄နာရီအထိ
ပြန်မလာပါ။ ကိုဇေသည် သူငယ်ချင်းဝက်သားကြိုက်မှန်းသိသဖြင့် ကိုယ်တိုင် မစားပေးမဲ့
ချက်ထားပါသည်။ နောက်နေ့ညမှ offline msg တစ်စောင်ရပါသည်. ချိန်းပွဲဖြစ်လို့
စောရီးတဲ့။ ကိုဇေတွင်လည်း ဒိုတာထက်အရေးတစ်ကြီးကိစ္စများရှိတတ်ပါသည်။
ဖြစ်ရပ်(၅)။ ကိုဇေအုတ်ကျင်းတွင်နေပါသည်.
စမ်းချောင်းတွင်ကိုဇေအရမ်းခင်သော သူငယ်ချင်းတစ်ယောက်ရှိပါသည်။ မိုးရွာနေသော
တစ်ညနေတွင် အွန်လိုင်းတွင်ကိုဇေနှုင့်ထိုသူငယ်ချင်းတွေ့ရာ သူမှ ပြောစရာရှိသဖြင့်
သူ့ဆီင်္လာရန်ပြောပါသည်။ မိုးရွာထဲတွင်ကိုဇေအရောက်သွားပါသည်။ သူ့ချိန်းသောနေရာမှာ
မြေနီကုန်းမှတော်တော်လမ်းလျှောက်ရပါသေးသည်။ တွေ့ရုံရှိ၍
လက်ဖက်ရည်ဆိုင်ထိုင်ရုံရှိသေး ထိုသူငယ်ချင်း၏ ဂိမ်းဆော့ဖော်များမှ ပွဲရှိ၍
ဆိုပီးလာခေါ်ပါသည်။ ကိုဇေအားရှိသည်ဟုပင်သဘောမထားပါ။
အလွန်ရိုင်းပြသောအမူအရာများဖြင့်လာခြင်းဖြစ်ပါသည်။ ကိုဇေသူငယ်ချင်းသည်လည်း
ကိုဇေကိုခေါ်ထားပေးမဲ့ ထိုယဉ်ကျေးမှုမရှိသောသူများ ခေါ်ရာသို့လိုက်သွားပါသည်။
စောရီးလို့ပြောပေမဲ့ ကိုဇေသည် စမ်းချောင်းသို့
ဒိုတာဟူသောအသံကြားလျှင်လုံးဝခြေဦးလှည့်တော့မည် မဟုတ်ပါ။
ဖြစ်ရပ် (၆)။ ကိုဇေသုံးနေကြအင်တာနက်ဆိုင်တွင်
အတူတူသုံဖော်သုံးဖက် အ၇မ်းခင်သောကောင်မလေးတစ်ယောက်ရှိပါသည်။ ထိုကောင်မလေးအား
propose လုပ်ထားသောသူတစ်ယောက်ရှိပါသည်။ တစ်နေ့ ဘေးချင်ယှဉ်သုံးနေခိုက်
ထိုကောင်မလေးအား ကောင်လေးမှ ဂျီတော့ခေါ်၍စကားပြောနေသည်ကို တွေ့ရပါသည်။ ကိုဇေသုံး၍
ပီးပီဖြစ်သဖြင့် ဘာတွေပြောနေလည်း ဆိုပီး MIC တစ်ဖက်ယူ၍ စပ်စုပါသည်။
ဘယ်လိုမှမမျှော်လင့်ထားသောစကားတစ်ခွန်းကြားခဲ့ရပါသည်။ "!@#$%^& မင်းစောက်ကောင်မက
အရေးကြီးလား ပွဲကအရေးကြီးလား !@#$%^&*'
မိုက်မိုက်ရိုင်းရိုင်းကိုဆဲဆိုပြောခြင်းဖြစ်ပါသည်။ ထိုကောင်လေးသည်ကောင်မလေးအားခန
ဆိုပီး ဂျီတော့ချသွားပါသည်။ ကိုဇေသည် ကောင်မလေဂျီတော့မှနေ၍ ထိုသကောင့်သားထံ
စာတစ်ကြောင်းရိုက်ခဲ့ပါသည်။ ဒိုတာမဖြတ်မချင်းငါကိုဘာမှလာမပြောနဲ့ ဆှို၍ block
ခဲ့ပါသည်။ တစ်ကယ်ဆိုမိမိ ချစ်ခွင့်ပန်ထားသော မိန်းကလေးကို
ထိုထက်ပို၍လေးစားသင့်ပါသည်။ ထိုသကောင့်သား သာအနားရှိပါက စောက်ခွက်ကို ၄ ၅
ချက်ဆင့်ရိုက်မိမည်လားမပြောတတ်ပါ။
အထက်ပါဖြစ်ရပ်များအပြင်
ကိုဇေစိတ်ကသိကအောက်ဖြစ်ရသောကိစ္စလည်း များစွာရှိပါသည်။ ကိုဇေအ၇မ်းခင်သော
သူငယ်ချင်းများ ညီလေးများလည်းရှိပါသည်. ဘာမှမပြောပါ။ သို့သော်ကိုဇေအားလည်း
ဒိုတာနဲ့ပါတ်သတ်၍ ဘာမှလာမပြောပါနဲ့။ ကိုဇေညီမလေးများအားလည်း လာ၍မစည်းရုံးပါနှုင့်။
ကိုဇေညီမလေးများအားပြောဆိုသော ကိစ္စများတွင်ဘာမှဝင်၍ မစွက်ဖက်ပါနှင့်။
ကိုဇေချစ်သောညီမလေးများ ဒိုသာသမားများကြောင့်မျက်ရည်ကျမည်ကိုမမြင်ချင်ပါ။
ကြိုတင်၍ကာကွယ်ထားပါသည်။ ဒိုတာဆော့မည် ဆိုလျှင်ညီမလေးများကို လာ၍မပါတ်သတ်ပါနဲ့။
(စည်းနဲ့ကမ်းနဲ့ဆော့သောသူ အချို့ကိုမဆိုလိုပါ၊) ကိုဇေညီမလေးများအား
နေ့မှန်းညမှန်းမသိ၊ အချိန်မလေးစားသော ဒိုတာသမားများနှင့်လုံးဝသဘောမတူုပါ။
မဆိုင်သူများဘာမှတ်ချက်မှလာမပေးပါနှင့်.။ ညီမလေးများ နှင့်
ညီလေးအချို့အားပြောပြနေခြင်းဖြစ်ပါသည်။ ကိုဇေကို ဒိုတာအကြောင်းဘာမှလာမပြောပါနှင့်။
ကိုဇေ ဒိုတာအရမ်းမုန်းပါသည်။
ကိုဇေ
July 20, 2010
(အဲဒီတုန်းက တော်တော်ပေါက်ကွဲပြီး Facebook မှာ ရေးဖြစ်သွားတာ... ခုမှ သတိတရ ပြန်တင်လိုက်တာ.. ကွန့်မန့်တွေပါ ဖတ်ချင်ရင် ဒီမှာကလစ် )
ကိုဇေ
July 20, 2010
(အဲဒီတုန်းက တော်တော်ပေါက်ကွဲပြီး Facebook မှာ ရေးဖြစ်သွားတာ... ခုမှ သတိတရ ပြန်တင်လိုက်တာ.. ကွန့်မန့်တွေပါ ဖတ်ချင်ရင် ဒီမှာကလစ် )
No comments:
Post a Comment