Monday, November 11, 2013

ချစ်သူ


တစ်ယောက်ရဲ့စိတ် တိမ်ညိုတွေအုံ့မှိုင်းလျှင်
တစ်ယောက်က အလင်းရောင်ယူဆောင်ပေးသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က ယုံကြည်မှုတွေပေးလျှင်
တစ်ယောက်က နားလည်မှုတွေပေးသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်ကမတူတာတွေ ညှိဖို့ကြိုးစားလျှင်
တစ်ယောက်က တူညီမှုတွေခိုင်မြဲစေသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က စိတ်ကောက်လျှင်
တစ်ယောက်က ပြန်ချော့သည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က မြတ်နိုးစွာချစ်လျှင်
တစ်ယောက်က ယုယစွာအချစ်ခံသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်က ဂရုစိုက်လျှင်
တစ်ယောက်က နွေးထွေးလုံခြုံကြည်နူးသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

တစ်ယောက်နှင့်တစ်ယောက် လူခြင်းဝေးနေလျှင်
တစ်ယောက်နှလုံးသားထဲ တစ်ယောက်အမြဲရှိသည်
ထို့ကြောင့်ချစ်သူဟု ခေါ်သည်။

ကိုဇေ

November 11, 2013 (Monday) 1:32AM

No comments: