Tuesday, May 21, 2013

ငါ (သို့) အနတ္တ


ငါ့လောကထဲ ငါသာရောက်ရှိ
ငါ၏ငါသာ ငါဖြစ်ပြီးနောက်
ငါ၏နာမည် ငါစခဲ့၍
ငါ၏ပညာ ငါ၏ဘွဲ့ထူး
ငါ၏အလုပ် ငါ၏ရာထူး
ငါ၏ဥစ္စာ ငါ၏စည်းစိမ်
ငါ၏ပိုက်ဆံ ငါ၏အိမ်ခြံ
ငါပိုင်သမျှ ငါရှာသမျှ
ငါ၏မိဘ ငါ၏ဆွေမျိုး
ငါ၏ရည်းစား ငါ၏မယား
ငါ့သားသမီး ငါသာပိုင်လို့
ငါ၏နိုင်ငံ ငါ၏လူမျိုး
ငါ၏ဘာသာ ငါ၏စကား
ငါ၏အာဏာ ငါမြဲလေအောင်
ငါ၏မာန ငါ၏အတ္တ
ငါ့မောဟကို ဦးထိပ်ပန်ဆင်
ငါကိုယ်ငါသာ ကိုးကွယ်ငြားလည်း
ငါ့ခန္တာသည် ဧကန်မုချ
ပျက်ယွင်းမည်မို့ ငါသာမရှိ
“ငါ” နတ္ထိ . . . ။

ကိုဇေ
May 20, 2013 (Monday)
11:50PM

No comments: