Thursday, May 16, 2013

မပိတောက်သို့

မပိတောက်ရယ်.... ခင်ဗျားလည်းခုနောက်ပိုင်း သိပ်ပြီး သစ္စာမရှိတော့သလိုပဲနော် . . . နွေရာသီ မိုးရွာတိုင်း ပွင့်နေတော့တာပဲ... မုန်တိုင်းဝင်လို့ ရွာတဲ့မိုးတောင် မရှောင်တော့ဘူးနော်... တစ်ကယ်တန်းက ခင်ဗျားက ကိုယ့်ဘဝကိုယ်မေ့နေတာ.. ခင်ဗျားက တစ်ကယ်တော့ အရောင်လည်း ရှိတာမဟုတ်ပါဘူး... အဆင်းလည်းရှိတာမဟုတ်ပါဘူး... နံနက်ပွင့်ပြီး ညနေအထိတောင် လန်းဆန်းနိုင်တာ မဟုတ်ပါဘူး... ခင်ဗျားကို လူတွေက ရှားပါးတဲ့ပန်း၊ အမြဲမပွင့်တဲ့ပန်းဆိုပြီး ထူးထူးဆန်းဆန်းဖြစ်နေလို့ သဘောကျနေတာပါ.. ခင်ဗျားက မနှင်းဆီလောက်လည်း မထည်ဝါဘူး... မစံပယ်လောက်လည်း မအေးချမ်းဘူး... အကြွေပန်းဖြစ်တဲ့ မခရေလောက်တောင် တန်ဖိုးထားခံရတာ မဟုတ်ပါဘူး... ခင်ဗျားမိုးရွာလို့ တစ်ခါပွင့်တိုင်း ခင်ဗျားမိခင် ပိတောက်ပင်ကြီးဟာ ခင်ဗျားကို လူတွေရဲ့ခင်ဗျားကို တက်မက်မှုကြောင့်  ရိုက်ပုတ်မှုတွေ  ကန်ကျောက်မှုတွေကိုခံရပြီး ခင်ဗျားပွင့်လိုက်တဲ့နေ့ဆို ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရတယ်လေ... ခင်ဗျားလူ့သဘောကို ဒီထက်ပိုပြီးနားလည်သင့်ပြီဗျာ.. ခင်ဗျားသာ တစ်ဆယ့်နှစ်လလုံးလုံးပွင့်ကြည့်ပါလား ခင်ဗျားကို လူတွေဘယ်လိုဆက်ဆံကြမလည်း ဆိုတာကိုပေါ့ ... ခင်ဗျားနဲ့ဆင်တဲ့ မငုဝါကို ကြည့်ကြည့်ပါလားဗျာ.... သူ့ကိုဘယ်သူက ခင်ဗျားလောက် အရေးတစ်ယူလုပ်လို့လည်း... ခင်ဗျားဆိုတာ ကျွန်တော် မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာတာဆိုတော့ အဲလိုပြောရတာ အားတော့နာပါတယ်ဗျာ… ဒါပေမဲ့ ခင်ဗျား လူ့သဘောသဘာဝအကြောင်းနဲ့ ဘယ်လိုနေထိုင်ရမလည်း ဆိုတာကိုတော့ ဒီထက်ပိုပြီး သင်ယူရဦးမယ်…. မာယာများလှတဲ့ လူတွေနေတဲ့အရပ်မှာ ခင်ဗျား အမြဲအဆင်ပြေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ …

ကိုဇေ
May, 6 2013 (10:50 PM)

FB Source : http://www.facebook.com/zey.outsider/posts/10151403280152116

2 comments:

Ko Zey said...

မပိတောက်ဘက်ကရှေ့နေတစ်ယောက် ကွန့်မန့်

Su Su Hlaing
အဲဒီလိုမဟုတ်ပါဘူးရှင်။ကျွန်မလည်းဘယ်ပွင့်ချင်ပါ့မလဲ။ကိုရွှေမိုးလေ။သူကကျွန်မနဲ့ချိန်းထားတဲ့အချိန်ကိုမှန်မှန်မလာဘူးလေ။ကျွန်မကစောင့်နေရတာ။သူလာတော့ ချိန်းထားတဲ့အချိန်ဟုတ်လားမဟုတ်လား ကျွန်မမစဉ်းစားနိုင်တော့ဘူး။ဝမ်းသာအားရနဲ့ပွင့်မိတယ်(ခိ ဒါကတစ်မျိုးကြီးပဲနော်)။ရှင်တို့ကကျွန်မကိုပဲအပြစ်တင်ကြတယ်နော်။အချိန်အခါမဟုတ် လာချင်သလိုလာပျောက်ချင်သလိုပျောက်နေတဲ့ကိုရွှေမိုးကိုကျတော့ဘာမှမပြောကြတော့ဘူးလား။ကျွန်မလိုပွင့်ခွင့်ရှိတဲ့သူမပြောနဲ့ ဘာမှအဖြစ်မရှိတဲ့ ဟိုမပွင့်နိုင်တဲ့သစ်ပင်တွေတောင် ၀မ်းသာအားရစိမ်းစိုပြနေသေးတာပဲ။မျက်နှာမလိုက်စမ်းပါနဲ့ရှင်။အားလုံးဟာကိုယ့်အတွေးနဲ့ကိုယ်ပါ

Ko Zey said...

http://www.facebook.com/blackiewalone/posts/614396798570380

Blackie WaLone

မိပိတောက်ရယ်...ဒီနေ့တော့လည်း မနေ့ကနဲ့မတူ ကြွေကျပြီး မြေခလို့ လူတကာနင်းခြေခံနေရတာ ညည်းအစား ကျုပ်တော့ရင်နာတယ်.....:'( ...