လိုင်းပေါက်ကနေ ရန်ကုန်တက္ကသိုလ်
စိန်ရတု ဖြစ်လာခဲ့တဲ့နေရာ…
- လှည်းတန်း
၁၉၉၆ ဒီဇင်ဘာမှာ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့နေရာ...
- လှည်းတန်း
အောင်ချမ်းသာဆိုတဲ့ လမ်းဟာ
မြေပုံပေါ်က ပျောက်သွားခဲ့တဲ့နေရာ…
- လှည်းတန်း
တစ်ဆက်ရှင်စာ တည်းခိုခန်း
မရှိသေးတဲ့နေရာ...
- လှည်းတန်း
ခြံတွေတစ်ခြံမှ မရှိတော့ပေမဲ့
ဦးထွန်းလင်းခြံလမ်းလို့ ခေါ်တဲ့နေရာ…
- လှည်းတန်း
တစ်နေကုန်ဆူညံသလောက် ညကိုးနာရီခွဲကျော်ရင်
သူမဟုတ်သလိုနေတဲ့နေရာ…
- လှည်းတန်း
သူတောင်းစားတစ်ယောက်ဟာ
အင်ဂျင်နီယာတစ်ယောက်ထက် ၀င်ငွေပိုကောင်းတဲ့နေရာ...
- လှည်းတန်း
အရက်သမားတွေပေါသလောက် အရက်ဆိုင်
ရှားမြဲရှားဆဲနေရာ…
- လှည်းတန်း
ဂိုးရှိုးစတိုးကနေ စိန်ဂေဟာအထိ
ရောင်းကောင်းခဲ့ ရောင်းကောင်းဆဲနေရာ…
- လှည်းတန်း
ပလက်ဖောင်းပေါ်ကနေ ၈လွှာတိုက်ခန်းပေါ်အထိ
စီးပွားဖြစ်တဲ့နေရာ…
- လှည်းတန်း
သမီးရည်းစားတွေ
kissing ရိုက်ဖို့အတွက်ဂုံးကျော်တံတားကြီး ဆောက်ပေးခဲ့တဲ့နေရာ…
- လှည်းတန်း
ခေတ်တွေဘယ်လောက်ပြောင်းပြောင်း
ဘယ်တော့မှ မရင့်ကျက်ခဲ့တဲ့နေရာ…
- လှည်းတန်း
ကိုဇေ
( August 6, 2014 ညဘက်မှာ
Facebook မှာတင်ခဲ့တဲ့ Status တွေ ပြန်စုစည်းထားတာပါ။ ကိုယ်ကိုယ်တိုင်က လှည်းတန်းနဲ့
နီးတဲ့နေရာ တစ်ချိန်က ၀ဂ္ဂီရိပ်သာ ယခု ပြည်ရိပ်မွန်အိမ်ရာ မှာ အကြာကြီးနေခဲ့ဘူးတာကို။
ကိုယ့်ရဲ့ ငယ်ဘ၀ဟာလည်း လှည်းတန်းမှာ ဖြတ်သန်းခဲ့သလို… လူပျိုပေါက် အရွယ်ဟာလည်း လှည်းတန်းမှာပဲ
ဖြတ်သန်းခဲ့တာပါ။ ယခုထက်တိုင် လှည်းတန်းကို တစ်ပါတ် အနဲဆုံး တစ်ခါလောက် မှ မလာရရင်
မနေနိုင်လောက်တဲ့နေရာ။ ခေတ်တွေ ပြောင်းလဲ ကိုယ်ချစ်ခဲ့ ချစ်ဆဲ ချစ်မြဲ ချစ်နေဦးမဲ့
လှည်းတန်း…။ ခုချိန်မှာ လှည်းတန်းမှာ နေတဲ့သူတွေဟာ ကြံတောသင်္ချိုင်းတို့၊ လိုင်းပေါက်တို့၊
အောင်ချမ်းသာလမ်းတို့၊ ဂိုးရှိုးစတိုးတို့ဆိုတာတွေ သိမှာမဟုတ်တော့ပါဘူး။ ဆက်ပြီးရေးမယ်ဆို
ရေးစရာတွေအများကြီး။ ဒါပေမဲ့ ပျင်းတာရော၊ ရှည်သွားရင် ထုံသွားမှာ ဆိုးလို့ရော၊ ဒီမျှ
ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်။ )
No comments:
Post a Comment