Thursday, May 8, 2014

ဆံသဆရာ


ဒီတစ်ခေါင်းက ဘိုကေ
ဒီတစ်ခေါင်းက ပန့်ခ်ကေ
ဒီတစ်ခေါင်းက အထောင်
ဒီတစ်ခေါင်းက ရှေ့တစ်လက်မနောက်ပြောင်
ဒီတစ်ခေါင်းကို ဆေးနီဆိုး
ဒီတစ်ခေါင်းကို ရွှေအိုရောင်
ကြိုက်တဲ့ကေ ကြိုက်တဲ့အရောင်လာထား
အဆင်ပြေစေရမယ်

ဒါပေမဲ့
သူ့ခေါင်းမှာတော့ ဆံပင်တွေ ဘုတ်သိုက်ဖြစ်ကာ ရှည်လို့
သူက တစ်ဦးတည်းသော ဆံသဆရာ လေ။              ။


ကိုဇေ

May 7, 2014 (Wednesday) 7:58 PM

No comments: