Monday, May 26, 2014

ထီထိုးခြင်း (၂)


ကိုယ်ကြိုမသိတဲ့
အက္ခရာတစ်လုံးနဲ့
ဂဏန်းခြောက်လုံးအတွက်
ဗေဒင်မမေးဘူး
ရက်ကောင်းမရွေးဘူး
" ညီမလေးရေ...
ငါးစောင်တွဲထဲက တစ်တွဲလောက်ပေးပါ "
ကိုယ်တတ်နိုင်တဲ့ ဘီယာတစ်ပုလင်းစာနဲ့
တစ်လစာ စိတ်ကူးယဉ်လို့ရခဲ့ပြီလေ...
မပျော်တတ်တဲ့ ကိုယ့်အတွက်
လေ ထဲ တိုက် အိမ် ဆောက် လို့။             ။

ကိုဇေ

May 26, 2014 (Monday)

No comments: