ဘဝဆိုတဲ့ ကော်ဖီဆိုင်ထဲဝင်ထိုင်ရင်း
Espresso တစ်ခွက်မှာလိုက်တယ်။ Espresso အငွေ့တစ်ထောင်းထောင်းတစ်ခွက်နဲ့အတူ သကြားတစ်ခွက်ပါ
လာချပေးသွားတယ်။ ကော်ဖီကို တစ်ငုံလောက် မြည်းစမ်းလိုက်တယ်။
အား... ခါးလိုက်တာ။ ဒါနဲ့ပဲ သကြားတစ်ဇွန်း ရောစပ်လိုက်တယ်။ ခါးနေတုန်းပါပဲလား။ ဒီလိုနဲ့
နောက်ထပ်တစ်ဇွန်း။ ဒါလည်း ခါးဆဲပဲ။ ကဲခါးတာကတော့ခါးတာပေါ့လေ။ သကြားတစ်ဇွန်းထဲ့လိုက်
တစ်ငုံလောက်ငုံလိုက်နဲ့ပဲ ကော်ဖီကတော့ ကုန်သွားပြီ။ အချိန်တန်တော့ ပိုက်ဆံရှင်းပြီး
ထထွက်ခဲ့တယ်။ ဒါပေမဲ့ သကြားကို တစ်ဇွန်းလေးတောင် ကော်ပြီးမစားခဲ့ဘူး။ ကျန်ခဲ့တဲ့ကိုသကြားခင်ဗျာ
မျက်နှာငယ်လေးနဲ့...။ Mr. Espresso ရဲ့ဂုဏ်သိက္ခာကို မလွန်ဆန်နိုင်ဘဲ သူ့ရဲ့ချိုခြင်းဆိုတဲ့
ဂုန်သိက္ခာပျောက်ဆုံးသွားခဲ့ရတယ်လေ။ Sorry ပါကိုသကြားရယ်လို့ တောင်းပန်သင့်ပေမဲ့ တစ်ကယ်တန်းတော့
သတိမရခဲ့ပါဘူး။ ဒီကြားထဲ ခံတွင်းကချဉ်လာတာနဲ့ပဲ စီးကရက်တစ်လိပ်မီးညှိပြီး ဖွာရှိုက်လိုက်သေးတယ်။
တစ် ကယ် တော့ ကိုယ် တွေ ကို က အ ခါး ကြိုက် နေ ခဲ့ တာ လေ ...။
တစ် ကယ် တော့ ကိုယ် တွေ ကို က အ ခါး ကြိုက် နေ ခဲ့ တာ လေ ...။
ကိုဇေ
September
11,2013 (Wednesday) 2:05AM
No comments:
Post a Comment