Thursday, April 4, 2013

No Title

ခဏနေပါဦး...
ဧပရယ်နွေစမ်း
ချယ်ရီပန်းတွေ ဝေဖူး မလွှမ်းခင်
အသက်တွေ မငင်ပါရစေနဲ့...

ကျောခိုင်းထားရင်တော့
တောင်နဲ့မြောက်ဟာ ဆန့်ကျင်ဖက်ပေါ့
မျက်နှာချင်းဆိုင်လိုက်ရင်
ချစ်ခြင်းတွေ တွေ့နိုင်ရက်သားနဲ့
ဘာလို့များ မျက်လုံးတွေ မဆုံနိုင်ခဲ့ရသလဲ...
ဘာလို့များ လက်တွေ မဆုပ်ကိုင်မိသလဲ...
ဘာလို့များ ချစ်ခြင်းတွေ မဝေမျှနိုင်ခဲ့သလဲ...

စစ်ဆိုတာ
ဘယ်တုန်းကမှ မကောင်းခဲ့ မသာယာခဲ့ပါ
စစ်ဆိုတာ
သားသည်အမေတို့ မျက်ရည်
ကလေးငယ်တို့ ငိုကြွေးသံ

သဘာဝ မာယာတွေအောက်မှာတောင်
ကိုယ်တွေ အလူးလူး အလဲလဲ ခံနေရတာ
ဘာကြောင့်များ
အပူပေါ်အပူဆင့်
ဓားတ၀င့် ၀င့်လုပ်နေသလဲ.. ဟင်..
ငြိမ်းချမ်းခြင်းထက်
ပျက်ဆီးခြင်းကို ပိုလိုလားနေသလဲ..ဟင်..

နောက်တစ်ပတ်ဆို..
ချယ်ရီပန်းတွေ ပွင့်တော့မယ်..
ချစ်သူတွေ ပြုံးပျော်မယ်

ခဏလောက် စောင့်ပေးပါ
ချယ်ရီတွေ မကြွေသေးခင်အထိ..

အို.. ဘုရားသခင်
သွေးဆာနေသူများ၏ နှလုံးသားကို
ချစ်ခြင်းများ ဖုံးလွှမ်းပေးပါ...
ကမ္ဘာမြေကို ကောင်းချီးပေးပါ...
အာ..မင်..။ ။

Thaung Thansu
=================

Please wait for a while
Until Spring and Cherry blossom,
Don't let me heard sound of the death.

If we stand back to back
South and North is opposite,
If face to face
We can see the love,
Why our eyes are missing the love
Why our hands are not tight enough with love.

War is
Never good and pleasant,
War is
Sorrow of the mothers
And tears of the children.

Even the world is suffering
Natural disaster at all time,
Why do we make more pain and trouble?
Why do we show our weapons for power?
Why do we prefer broken-pieces than peace?

Next week
There will be Cherry blossom,
We can see the smile of lovers
With the color of the Cherry.

Please wait for a while
Until Cherry fall off.

Oh..God
Please share the love with
Those who want to fight till death,
And bless this world,
Amen!


Thaung Thansu

No comments: