Thursday, April 11, 2013

သင်္ကြန်ရောက်လို့ ဘုန်းကြီးဝတ်တာ ဖက်ရှင်တစ်ခု ဖြစ်လာပြီလား . . .

ဒီနေ့နံနက်တုန်းက Seinn Mya Linn Thit က Message ကနေ "ကို ဇေ ဘုန်းကြီးမ၀တ်ဘူးလား" လို့မေးတယ် . . . 

ကျွန်တော် မ၀တ်ဘူး လို့ ပြန်ဖြေလိုက်တယ်. . . ဘာကြောင့်လည်းဆိုတော့ ကျွန်တော် လောကီကို စိတ်မှ မဖြတ်နိုင်တာကို. . . ဘုန်းကြီးဆိုတာ လူရှိန်အောင် ကြည့်ကောင်းအောင် ၀တ်ရတာမှ မဟုတ်တာ... တရားစခန်းဝင်တယ်ဆိုတာက လည်းဖက်ရှင်မှမဟုတ်တာ. . . ဘုန်းကြီးဝတ်ရင် ၂၂၇ သွယ်သော သိက္ခာပုဒ်တော်တွေ စောင့်ထိန်းရမှာလေ.. "အဟံဘန္တေ သဗ္ဗဟုလာ သဗ္ဗအာပတိရော အာဝိကရောမိ" ဆိုပြီးညဘတ် အာပတ်ဖြေလို့ရတဲ့ သိက္ခာပုဒ်တော်တွေ ရှိပေမဲ့ ပါရာဇိက (၄) ပါးနဲ့ သံဃာဒိသိသ် (၁၃) ပါး ဆိုတဲ့ ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ် နှင့် အာပတ်ဖြေရုံဖြင့် မပြေပျောက်သော အပြစ်တွေရှိတယ်လေဗျာ . . . မတော် လူပြန်ထွက်တဲ့ အချိန် သိက္ခာမကျရင် လူဝတ်နဲ့ အာပတ်တွေသင့်ပြီး အ၀ီဇိက မတက်နိုင်တဲ့ဘ၀ ရောက်ရမှာလည်း ကြောက်သေး. . .

ကျွန်တော်လည်ဖို့ပတ်ဖို့လည်း အစီအစဉ်မရှိပါဘူး. . . မဏ္ဍပ်လည်း မထိုင်ပါဘူး . . . ဒါပေမဲ့ အခြားသော လောကီကိစ္စတွေကို စိတ်မပြတ်နိုင်ဘူးဗျာ . . .

Yin Yin Hnoung ပြောသလိုဆို "ဥပုသ်စောင့်ပါတော့မည်ဆိုပြီး ယောဂီဝတ်စုံကြီးနဲ့ ဓာတ်ပုံရိုက်တင်တာတို့ ၊ ဘုန်းကြီးဝတ်နေပါသည်ဆိုပြီး ဘုန်းကြီးကျောင်းကနေ check in ဝင်တာတို့ ၊သီလရှင်ဝတ်ကြီးက ဗိုက်ဆာလို့ ပါဆိုပြီး ညဘက်ကြီးထ statusတင်တာတို့ ကို တွေ့ လိုက်ရတော့ ရှင်မိနှောင်းခမျာ ပါးစပ်အဟောင်းသားနဲ့ သာဓုကို သုံးကြိမ်ပြည့်အောင် မနည်းခေါ်လိုက်ရတယ်။" ဆိုတာမျိုးကလည်း ရှိသေး...

ကိုဇေကတော့ တရားစခန်းလည်း မ၀င်ပါ၊ ဘုန်းကြီးလည်း မ၀တ်ပါ၊ တရားစခန်း ၀င်မည့်သူများ ဘုန်းကြီးဝတ်မည့်သူများ ရှိလျှင်လည်း လောကီကိစ္စ အကုန်ဖြတ်ခဲ့ပါလို့၊ စိတ်ရှင်းရှင်းထားပါလို့၊ ပိုပြီးရှင်းအောင် ဖုန်းပိတ်ထားပါလို့၊ Facebook ကိုစိတ်ကူးယဉ်မနေပါနဲ့လို့.. အချိန်ရတုန်းလေး တရားရအောင် ရှာခဲ့ကြပါလို့ . . . ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဖြစ်မဲ့ အလုပ်မျိုးရှောင်ကြပါလို့ အကြံပေးပါရစေ. . .

Source : 
http://www.facebook.com/zey.outsider/posts/10151354284622116

No comments: