ငြိမ်းချမ်းရေးအလိုမရှိ
ကမ္ဘာကြီးငြိမ်းချမ်းရင်
ကျုပ်ဒုက္ခရောက်မယ်
ငြိမ်းချမ်းရေးဟာ
ကျုပ်ရဲ့ အဓိကရန်သူ
စစ်ပွဲတွေဖြစ်ဖို့လိုတယ်
သူတို့တွေ စစ်တိုက်နေဖို့လိုတယ်
ဘာသာရေးကြောင့်ဖြစ်ဖြစ်
နိုင်ငံရေးကြောင့်ဖြစ်ဖြစ်
စီးပွားရေးကြောင့်ဖြစ်ဖြစ်
ဘာသာရေးကြောင့်ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
စစ်တိုက်ကိုနေရမယ်
နှစ်ဖက်စစ်သားတွေလည်း သေမှာပဲ
အရပ်သားတွေလည်း သေမှာပဲ
အဲဒါကျုပ်အလုပ်မဟုတ်ဘူး
မိန်းမတွေ ကလေးတွေ သေလို့
ဝမ်းနည်းဖို့ ကျုပ်မအားဘူး
သူတို့တွေလည်း မအားအောင်
စစ်တိုက်နေရတယ်
ကျုပ်ကတော့ စစ်မတိုက်နိုင်ဘူး
ကျုပ်က
လိုချင်တာတွေ မရလိုက်တာရယ်
လိုချင်တာတွေ ရလိုက်တာရယ်
နှစ်ခုလုံးနဲ့
ဒုက္ခရောက်နေလို့။ ။
Ref: Quotes of “Lord Of War” Movie
ကိုဇေ
16052018
No comments:
Post a Comment