စင်သီယာ ရေ...
အမေ့ရဲ့ ဒုက္ခအိုးလေးဟာ
ဥာဏ်ပညာရယ် ချစ်ခြင်းတရား
နဲ့
အလင်းဆိုင်ညမှာ
ဒုက္ခကိုဆေးထိုးပြီး
ဗင့်ဆင့်ဗန်ဂိုးတမ်းချင်း
ကိုဆိုညည်းလို့
စကားလုံးမရှိတဲ့ကောင်းကင်
ထဲ
နာရီပေါ်က မျက်ရည်စက်များ
အစိမ်းရောင်ရက်စွဲများ
အတ္တပုံဆောင်ခဲများ
တစ်နေ့စာအလွဲများ
ဟာ
အရင်အတိုင်း သက်ငြိမ် စွာ
ကြယ်တွေစုံတဲ့ည မှာ
မှော်ဆရာအိပ်မက် ဟာ
မြို့ပြလရောင်တမ်းချင်း
အောက်
တစိမ်းဆန်ဆန် အထီးကျန်...
"ခြေထောက်တွေ"
ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည်
"ခရီးဆုံး" ဖြစ်တယ်...တဲ့။
ဘ၀ ဆိုတာ သက်တံလိုပါလား...။ ။
ကိုဇေ
11082017 at 1:05PM
No comments:
Post a Comment