Wednesday, November 4, 2015

ငြိမ်းချမ်းရေး



နှစ်ဖက် ဗိုလ်ချုပ်နှစ်ယောက်
စာရွက်တစ်ရွက်ပေါ်
လက်မှတ်ထိုးလိုက်တယ်
ငြိမ်းချမ်းရေးတဲ့

ဒိုင်း ဒိုင်း ဒိုင်း
သူတို့ တပ်သားတွေမှာ
ဘောပင်မှ မရှိတာ
သေနတ်ပဲရှိတာကို...

နှစ်ဖက်ပစ်လိုက်တဲ့
ကျည်ဆံတွေဟာ
ကိုယ့်ရန်သူ့တပ်သား
နှလုံးသားကို ဖောက်ဝင်ပီး
ထို ဗိုလ်ချုပ်နှစ်ယောက်
ရင်ဝမှာ လာစိုက်တယ်
ဆုတံဆိပ်အဖြစ်

ဘာသာတိုင်းကပြောတယ်
လူမသတ်နဲ့
"ရဲသော်မသေ သေသော်ငရဲမလား"
ဘယ်သူ့စကား နားထောင်မှာလည်း။

ဂျိုးငှက်လေးဟာ
သပြေခတ်ကို ထိုးဆိတ်လို့
သူလည်း ဗိုက်ဆာနေမှာပေါ့။            ။


ကိုဇေ

November 4,2015 at 1233AM

No comments: