Thursday, February 13, 2014

စကားလုံး နှင့်ပတ်သက်ပြီး တွေးမိခြင်း


အဘိဓာန်ထဲမှာ ရှိမှ စကားလုံးဆိုတာ အဓိပ္ပာယ်ရှိတယ် အဘိဓာန်မှာ မရှိရင် အဓိပ္ပာယ်မရှိဘူး အဲဒါကြောင့် မသုံးရဘူးလို့တော့ ကျွန်တော်မထင်ဘူး...။ စကားလုံးဆိုတာ လူတွေပြောပါများ / သုံးပါများရင်းကနေ တွင်ကျယ်သွားတာလေ။ အဘိဓာန်တွေကသာ ခေတ်နဲ့အညီလိုက်ပြီး update လုပ်ပေးသင့်တာ...။ ကျွန်တော်ကတော့ "သူမ" ကိုလည်း လက်ခံတယ်.. "စော်၊ဘဲ..." စတဲ့ ခေတ်အသုံးအနှုံးတွေလည်း အဘိဓာန်မှာ ပါသင့်တယ်လို့ ထင်တယ်။

ကိုတေဇာ (လရောင်လမ်း) ပြောသလို "မိမိဘာသာစကားကို မျက်စိစုံမှိတ်ပြီး ဝံသာနုအခြေခံစိတ်နဲ့ ချစ်ပြ နေဖို့ထက် ပိုပြီးထိရောက်တဲ့ ဘာသာစကားတစ်ခုဖြစ်လာအောင် ပြောင်းလဲဖို့ အလျဉ်းသင့်သလိုမွေးစားနိုင်ဖို့ပဲ ကြိုးစားသင့်တာပါ။

ကိုဇေ

No comments: