Thursday, January 19, 2012

တိုင်တည်မှု


မနေတတ်ခဲ့တဲ့ အခြေပျက်အမူအရာတွေ
သခင်အနေခက်ခဲ့ရင်
ရင်မဲ့ဒါဏ်ရာတစ်ခု
ကိုယ်ခံယူတတ်မိပါ့မယ်..၊

အာရုံရနေတဲ့ ဝေဒနာအသိသက်သေတွေ
သခင်အသိပျက်ခဲ့ရင်
ရင်ဆက်ဝေဒနာတစ်ခု
ကိုယ်သိမ်းဆည်းထားမိပါ့မယ်..၊

ဒါပေမယ့်
ဝေခဲ့တဲ့နေတွေမှာ
ကြွေရမယ့်အကြောင်း
တဒင်္ဂအတွေးမှာ
ခပ်ရေးရေးတောင် မခံစားမိခဲ့ဘူး..၊့

ဒီလိုနဲ့
ကမ်းမဲ့မြစ်ပြင်ကျယ်မှာ
ခံတွင်းပျက်မုန်တိုင်းတစ်ခု
ဝင်မွှေတတ်လိမ့်မယ်လို့
ခပ်ပါးပါးတောင် မထင်မိခဲ့ဘူး..။

အကြင်နာ တစ်ပွေ့တစ်ပိုက်နဲ့
ခရီးဆက်နေတဲ့ငါ..
သခင်ဖွေဆက် ကယ်ယူတတ်ခဲ့ရင်
အနာဂတ်ဆိုတာ
ငါ့အတွက်ပေးဆက်မှုသက်သက်ထက်
ခံယူမှုအတွင်းမှာရှိတဲ့
နွေးထွေးမှုရှိစေရပါမယ်..။



ကိုဇေ
(ကလေးဘဝက ရေးခဲ့ဘူးတဲ့ကဗျာ)

1 comment:

May Lay said...

မဲခံပေါ် မီးခိုးတက်... မှောင်မဲတဲ့စာသွင်... ဆုံးတိုင်အောင် ဆက်ခါဖတ်တော့... မျက်ဝန်းငယ်ရီ... ရီဝေေ၀ထိုမျက်ဝန်းနဲ့... အားပေးတယ့်လေး... :)