မေ့ဖို့ကြိုးစားနေတာကိုက
သတိရနေခြင်းပဲလေ...
ကိုယ်က ကိုယ့်ခံစားမှုနောက်
ထပ်ချပ်မကွာလိုက်တယ်။ နာကျင်နေတယ် မဟုတ်လား။ ဘာလို့ ရှောင်လွဲမှာလည်း။ ထွက်ပြေးတာက
လွတ်မြောက်တာမှ မဟုတ်တာ။ နာကျင်မှုကို ရင်ဆိုင်ကြည့်စမ်းပါ။ အဲဒါလည်း အရသာတစ်ခုပါပဲ။
ဥပမာပေါ့... ဆေးလိပ်ကို
လူတွေသောက်တယ်။ နီကိုတင်းရဲ့ ရီဝေမှုကို ကြိုက်လို့၊ ဒါမှမဟုတ် မီးခိုးငွေ့လေး မှုတ်ထုတ်လိုက်ရတာ
ကြိုက်လို့။ ဘယ်သူက ကင်ဆာဖြစ်စေတဲ့ Tar ဆိုတဲ့ ကတ္တရာကို ကြိုက်မှာလည်း။ ဒါပေမဲ့ ကိုယ်လိုချင်လို့
ရွှေးချယ်ပြီးတဲ့ အခါ တစ်ပါတည်း ပါလာတဲ့ မလိုချင်တာကိုလည်း ငြင်းဆန်လို့ မရဘူးလေ။ ကဲ
ဆေးလိပ်ဖြတ်မလား။ ကင်ဆာဖြစ်ချင်ဖြစ်ကွာ ဆိုပြီး မီးခိုးငွေ့တွေကြား မျောဝင်မှာလား။
ရည်းစားထားရင် အကြီးဆုံးယူရတဲ့
RISK က အသဲကွဲတာပဲ။
လူတစ်ယောက်ကို ချစ်မိရင်
နာကျင်ရမှာပဲ။
ကဲအသဲကွဲနေတာလား၊ ချစ်မိလို့
နာကျင်နေတာလား၊ ဘာလို့ ရှောင်လွဲနေမှာလည်းကွယ်။ နာကျင်နေတာဟာလည်း အချိန်တန်ရင် နေသားကျသွားမှာပါ။
ကျေးဇူးပြုပြီး အတိတ်မှာ မနေပါနဲ့တို့ အနာဂတ်တွေရှိနေသေးတယ်တို့ ကိုယ့်ကိုလာပြီး မပြောပါနဲ့။
ကိုယ်လိုချင်တာက ခင်ဗျားတို့ ကိုယ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာစေချင်တာ မဟုတ်ဘူး။ ကိုယ့်ရင်ထဲ
ဝင်ကြည့်ပြီး ကိုယ်နဲ့အတူ လိုက်ပါစီးမျောစေချင်တာ...
ချစ်မိပြီလား။ နာကျင်မှုကို
ခံစားပါ။ အခန့်မသင့်ရင် အသဲကွဲပါလိမ့်မည်။
PS : ဆေးလိပ်သာ မသောက်ချင်
ဖြတ်လို့ရတာ။ မချစ်ပါနဲ့လို့တော့ တားမရဘူးနော်။
ကဲ. . . ဘာကို မေ့ဖို့
ကြိုးစားနေဦးမှာလည်း။
မေ့ ဖို့ ကြိုး စား နေ
တာ ကို က
သ တိ
ရ ခြင်း ပဲ လေ ။ ။
ကိုဇေ
October
5,2014(Sunday)
11:52PM
No comments:
Post a Comment