လူ၏ပြဿနာမှာ အတိတ်ရှိနေခြင်းကို
အသိအမှတ်ပြုနေရခြင်းသာ ဖြစ်သည်။
#မြင့်သန်း
မေ့ဖို့ကြိုးစားခြင်းကိုက
သတိရခြင်းပဲလေ။ ကိုယ်တွေမှာ ရှိခဲ့ဘူးတဲ့ အတိတ်ကို ဘာလို့ မေ့ဖို့တစ်ကူးတစ်က ကြိုးစားမှာလည်းကွယ်။
သတိရစရာရှိလည်း သတိရလိုက်ပေါ့။ လွမ်းစရာရှိလည်း လွမ်းလိုက်ပေါ့။ ကြေကွဲစရာရှိလည်း ကြေကွဲလိုက်ပေါ့။
ခံစားစရာရှိလည်း ခံစားလိုက်ပေါ့ကွယ်။ ဒီနာကျင်မှုတွေဟာ အသားကျသွားရင် ကြင်နာစရာတွေ ဖြစ်လာမှာပါ။
မနက်ဖြန်ဆိုတာတွေက သိပ်တော့လည်း
မသေချာပါဘူး...။ ဒါပေမဲ့ ကိုယ်ခုချိန်မှာ တစ်ခုခုကြောင့် ကြည်နူးနေမိတယ်ဆိုရင် မနက်ဖြန်တစ်ရက်ရက်မှာ
အဲဒီကြည်နူးမှုလေး ပျောက်ပျက်သွားမှာကိုပါ စိုးရိမ်နေမိတယ်။ ကိုယ်ဆိုတဲ့ကောင်က ခုကြည်နူးနေတာကိုတောင်
မနက်ဖြန်ကိုတွေးပြီး နာကျင်နေတတ်တဲ့ကောင်ပါ။
အတိတ်တွေကတော့ ရှိခဲ့ပြီ။
မနက်ဖြန်ကတော့ မသေချာသေးဘူး။ ကိုယ်ခုဖြတ်သန်းနေတာ ဒီနေ့...။ ဒါပေမဲ့လည်း အတိတ်ကိုငေးရင်း
ကိုယ်မနက်ဖြန်တွေကို တွေးကြောက်နေတယ်။
ကိုဇေ
No comments:
Post a Comment